အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
541
လွန်ခဲ့သော ၁ လ က · စဉ့်ကူး

စပါးပင်တေ‌ွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ‌ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေး...

စပါးပင်တေ‌ွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ‌ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေးရောပြောပေးပါဦး စပါးပင်ကရောဘာဖစ်တာလဲပြောပေးပါဦး

အပင်အာဟာရ စပါး
Post image

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၁ လ က

စပါးခင်း တစ်ပြင်လုံး ဝါနေခြင်းမှာ ပိုးမွှားကြောင့်ထက် နိုက်ထရိုဂျင်နှင့် ဆာလဖာ (ကန့်) ဓာတ် ချို့တဲ့ခြင်း သို့မဟုတ် မြေကျပ်၍ အမြစ်များ အောက်ဆီဂျင် မရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မေးခွန်းပါ နောက်ချေး၊ မြေဆီနှင့် ထုံးတို့ကို တပြိုင်နက် ရောစပ်ကျွေးပါက ဓာတုဓာတ်ပြုပြီး နိုက်ထရိုဂျင်ဓာတ်များ လေထဲလွင့်ပျံ ဆုံးရှုံးသွားမည်ဖြစ်၍ လုံးဝ အဆင်မပြေပါဘူး။ ထုံးကို အသုံးပြုလိုလျှင် မြေပြင်ချိန်ကတည်းက ၁ ပတ်မှ ၂ ပတ်ခန့် ကြိုတင်နှပ်ထားရပါမယ်။ လက်ရှိအခြေအနေတွင် စပါးခင်းကို ရေခေတ္တထုတ်ပေးပြီး ပုလဲနှင့် ဂျစ်ပဆမ် မြေဩဇာ ရောစပ်ပက်ကြဲပေးခြင်း၊ အမိုင်နိုအက်ဆစ် ရွက်ဖျန်းအားဆေး ဖျန်းပေးခြင်းဖြင့် အပင်ကို အမြန်ဆုံး ပြန်လည်စိမ်းလန်းလာစေနိုင်ပါတယ်။

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၁ လ က

ထုံးက မြေမပြင်ခင် ၁ လလောက် ကြိုနှပ်ထားမှသာ မြေကြီးရဲ့ ချဉ်ငန်ဓာတ်ကို ပြင်ပေးနိုင်ပါတယ်။ ပကန်ပေါက်နေတဲ့ စပါးခင်းမှာတော့ ထုံးပက်ပေးခြင်းဖြင့် သက်သာစေတာတွေ တွေ့ရပါတယ်။ မြေသြဇာအနေနဲ့ဆိုရင်တော့ နွားချေးနဲ့ မြေဆီ/ ပုလဲကို ရေအနည်းငယ်နဲ့ တစ်ည ကြိုနှပ်ထားပေးပါ။ အောက်မှာ တာလပတ်ခင်းပြီး နွားချေးပုံပေးပါ။ ပြီးရင် ပုလဲထည့် ရေပက်ပေးပြီး နှံ့စပ်အောင်မွှေပေးပါ။ ပြီးရင် အပေါ်ကနေ အိတ်နဲ့ အုပ်ထားပေးပြီး တစ်ည နှပ်ထားပေးပြီး နောက်ရက် စပါးခင်းထဲ ကြဲပက်ပေးနိုင်ပါတယ်။ ဒီနည်းက နိုက်ထရိုဂျင်ဓာတ်တွေ အငွေ့ပျံ့တာ၊ စီးဆင်းရေနဲ့ မျှောပါသွားတာ၊ မြေကြီးအောက်ကို စိမ့်ဝင်ပြီး ဆုံးရှုံးသွားတာတွေကို သက်သာစေပါတယ်။ တစ်ခုသတိထားရမှာက နွားချေးက ဆွေးမြေ့ပြီးသား နွားချေးသုံးပေးပါ။ မဆွေးမြေ့ပါက ပေါင်းတွေ ပေါက်လာနိုင်သလို နွားချေးဆွေးမြေ့တဲ့အချိန် ထွက်လာတဲ့အပူတွေက စပါးပင်ကို ထိခိုက်နိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

နှံစုပ်ပိုး အနည်းငယ်ကျ နေပါတယ် ဒီရက်မိုးလဲများတော့ ပန်းပွင့်ကြွေတာလား နှံစုပ်ကြောင့်လား ဆေးနောက်တကြိမ်ဖြန်း...

ဖြေကြားချက် 1 ခု

ဆရာကြီးရေး ပိုတက်ကို စပါးဖုံးတဲ့အချိန် သုတစ်မျိုးထဲကျွေးကတာလာ Nတို pတို ကဘာကြောင့်မကျွေးကြတာလဲ ကျွန်တော့စပါးက...

ဖြေကြားချက် 3 ခု

ပေါ်ဆန်းသက်ရင်အထွက်တိုးစေရန်ဘာဆေးဝါးသုံးရမလဲဗျ။ဘယ်မြေသြဇာသုံးရင်အဆင်ပြေမလဲသိချင်ပါတယ်ခင်ဗျာ။

ဖြေကြားချက် 3 ခု

စပါးပင် တချို့နေရာတေမှာ အပင်ဖျားတေဝါ ပါတယ် ဘာလိုအပ်နေတာပါလဲ

ဖြေကြားချက် 4 ခု

ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။