စပါးပင် တချို့နေရာတေမှာ အပင်ဖျားတေဝါ ပါတယ် ဘာလိုအပ်နေတာပါလဲ
အမြစ် နာနေတဲ့သဘောပါ။ ပိုတက် သို့မဟုတ် k Humic နဲ့ဂျစ်ဆန်ကို ၊ရေထုတ်/ရေခါပြီးပက်ပါ။ ၃ရက်နေမှ ရေပါးပါးပြန်ထည့်ထားပါ။
ပုံပါမြင်ရသလောက်တော့ အဟာရလိုအပ်နေတာပါ၊ပုလဲကျွေးထားပါရက်နဲ့ဝါနေရင်တော့ ပိုတက်ရှ်အိတ်ဝက်ဂျစ်ဆမ်တစ်အိတ်ကျဲပေးပါဦး
25:7:18 အိတ်ဝက်ကို မြေဆွေး 3 ဆရောပြီး ကျွေးထားတာ 1 လလောက်ရှိပါပြီ ငါးအမိုင်နို လည်မကျွေးခင်က 1 ကြိမ်ဖြန်းထားပါတယ်
စပါးပင် တချို့နေရာတွေမှာ အရွက်ဖျားတွေ ဝါရခြင်းဟာ နိုက်ထရိုဂျင်၊ ကန့် (ဆာလဖာ) သို့မဟုတ် သွပ်ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်သလို၊ လယ်ကွက်ထဲ ရေဝပ်လွန်းလို့ အမြစ်ပုပ်တာ ဒါမှမဟုတ် လှေးပိုး၊ ဖြုတ်ပိုးနဲ့ ဘက်တီးရီးယား ရွက်ခြောက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိမိစိုက်ခင်းအတွက် အကောင်းဆုံး ကုသနည်းလမ်းကို လမ်းညွှန်ပေးနိုင်ဖို့ လက်ရှိမှာ စပါးခင်းကို "ဘာမြေဩဇာတွေ ဘယ်လောက်နှုန်းထားနဲ့ ကျွေးပြီးပြီလဲ"၊ "လယ်ကွက်ထဲ ရေအခြေအနေ ဘယ်လိုရှိလဲ (ရေပြတ်တာလား၊ ရေဝပ်နေတာလား)"၊ "အဝါရောင်က တစ်ကွင်းလုံး ဝါတာလား၊ ကွက်တိကွက်ကြား ဝါတာလား" ဆိုတာနဲ့ "အရွက်တွေမှာ ပိုးကောင် သို့မဟုတ် အစက်အပြောက်တွေ တွေ့ရသလား" ဆိုတဲ့ အချက်လေးတွေကို ပြန်လည်း ပြောထားပေးပါဦး။ စပါးပင်ရဲ့ အနီးကပ်ပုံလေး ရှိရင်လည်း ပိုကောင်းပါတယ်နော်။ အခုကပုံတွေက ကြည့်မရဖြစ်နေလို့ပါ။
ဆက်စပ်မေးခွန်းများ
စပါးပင်တေွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေး...
ဖြေကြားချက် 2 ခု
နှံစုပ်ပိုး အနည်းငယ်ကျ နေပါတယ် ဒီရက်မိုးလဲများတော့ ပန်းပွင့်ကြွေတာလား နှံစုပ်ကြောင့်လား ဆေးနောက်တကြိမ်ဖြန်း...
ဖြေကြားချက် 1 ခု
ဆရာကြီးရေး ပိုတက်ကို စပါးဖုံးတဲ့အချိန် သုတစ်မျိုးထဲကျွေးကတာလာ Nတို pတို ကဘာကြောင့်မကျွေးကြတာလဲ ကျွန်တော့စပါးက...
ဖြေကြားချက် 3 ခု
ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဖြုတ်ပိုး
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။