အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Zaw Than Oo
Zaw Than Oo 735
လွန်ခဲ့သော ၂ လ က · မအူပင်

ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ

ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,108 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

အပင်ခြေမှာ ဖြုတ်မိသားစုတွေ ၊တပင်မှာ ၄/၅ကောင် ရှိနေတတ်ပါတယ်။မျက်စိနဲ့မြင်နိုင်ပါတယ်။ တပတ် -၁၀လောက်ကြာမှ အရွက်ဖျားဝါတတ်တာပါ။

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါမေးခွန်းတွင် မေးမြန်းထားသည့် "ဖြုတ်ကျတုန်း ပုံစံလား" ဆိုသည်မှာ မှန်ပါတယ်။ ပုံထဲတွင် စပါးပင်ခြေရင်း ရေပြင်ပေါ်၌ စပါးပင်များကို ခြောက်သွေ့ပျက်စီးစေနိုင်သော ဖြုတ်ညိုပိုးအကောင်ငယ်များနှင့် အကောင်ကြီးများ ကျနေသည်ကို မြင်တွေ့ရပါတယ်။ ဤပိုးမွှားများသည် စပါးပင်ခြေရင်းမှ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အပင်များ ဝါးခြောက်ပြီး "ဖြုတ်လောင်ခြင်း" အဆင့်အထိ ဖြစ်ပွားစေနိုင်သောကြောင့် လယ်ကွက်အတွင်းရှိ ရေများကို အမြန်ဆုံးကုန်စင်အောင် ထုတ်ပစ်ရန်၊ ယူရီးယားမြေဩဇာ ကျွေးခြင်းကို ရပ်ဆိုင်းရန်နှင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့စပါးပင်ခြေရင်းအထိ နိုက်တီပိုင်ရမ် (Nitenpyram) သို့မဟုတ် ပိုင်မီထရိုဇင်း (Pymetrozine) ကဲ့သို့သော ဓါတုပိုးသတ်ဆေးများကို အလှည့်ကျဖျန်းပက်သုံးစွဲလေ့ရှိတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။