အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
83
လွန်ခဲ့သော ၁ လ က · ရွာငံ

ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

physiological crackingလို့ခေါ်တဲ့၊ အပင်တွင်း ရေဓာတ်လွန်ကဲပြီး၊ ပင်စည်ကွဲတယ်လို့ယူဆပါတယ်။ Nအကျွေးများပြီး၊‌ေရဓာတ်များ၊အခွံပါးရာမှ ကွဲအက်တာဖြစ်နိာင်ပါတယ်(ပိုးမရှိဘူးဆိုရင်ပေါ့)

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ လ က

ရေလျှော့ပါ။နေပွင့်ရင် ဘောင်လှပ်ပါ။ဘောင်ပေါ်ကို ဂျစ်ဆန်ပက်ပါ။ အပင်ကို ကော့ပါး သို့မဟုတ် iprodione ဖျန်းပါ။

83 လွန်ခဲ့သော ၁ လ က

ဖျန်းရမယ့်ဆေးလေးလမ်းညွန်ပေးပါအုန်း

83 လွန်ခဲ့သော ၁ လ က

ပိုးကမရှိပါဘူးဗျ

348,948 လွန်ခဲ့သော ၁ လ က

ပုံထဲတွင် တွေ့ရသော ခရမ်းချဉ်ပင်စည် အရောင်ပြောင်းလဲပြီး မည်းပုပ်နေသည့် လက္ခဏာသည် စိုထိုင်းဆများသော ရာသီဥတုတွင် အဖြစ်များသည့် 'မှို' ကြောင့် ဖြစ်ပွားသော နှောင်းပင်နာကျရောဂါ (Late Blight) ကျရောက်နေခြင်း ဖြစ်ပါတယ်။ ဤရောဂါများသည် ပင်စည်တစ်ရှူးများကို လျင်မြန်စွာ ပျက်စီးစေပြီး အပင်တစ်ပြင်လုံးဆီသို့ ပိုးကူးစက်ပျံ့နှံ့သွားစေနိုင်သဖြင့် ချက်ချင်းကုသရန် လိုအပ်ပါတယ်။ ကာကွယ်နှိမ်နင်းရန်အတွက် ရောဂါကျနေသော အစိတ်အပိုင်းများကို အမြန်ဆုံး ဖြတ်တောက်မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ Azoxystrobin+ Difenoconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို စိုက်ခင်းအနှံ့ ပက်ဖျန်းပေးရပါမယ်။ ထို့ပြင် စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းအောင် အရွက်ဟောင်းများ ဖယ်ရှားပေးခြင်းဖြင့် စိုထိုင်းဆကို လျှော့ချရပါမယ်။ ပင်စည်အကွဲအတွင်း ပိုးလောက်ကောင်များမရှိ၊ပိုးချေးများရှိမရှိ စစ်ဆေးပေးပါဦး၊ ပင်စည်ထိုးပိုးကျနေတာလည်းဖြစ်နိုင်သေးလို့ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာ Lora 909 ခရမ်းချဥ်မျိုးက အလုံးသေးတယ်လားဆရာ ကျွန်တော့်အခင်းအလုံးသေးနေလို့ဗျ 15 ပတ်လည်တစ်ခါကျွေးထားတယ်ဗျ. အ...

ဖြေကြားချက် 2 ခု

ခရမ်းချဥ်အတွက်မြေခံမှာတီစူပါနဲ့DAPဘယ်ဟာထည့်ရင်ကောင်းလဲDAPထည့်ရင်Nဓာတ်ကအပင်မစားသုံးနိုင်ခင်မှာဆုံးရှုံးသွားမှာ...

ဖြေကြားချက် 2 ခု

ဆရာခင်ဗျ 909 ခရမ်းချဥ်မျိုးက ဘေးတက်တွေမဖဲ့ရဘူးဆိုတာ ဟုတ်ပါသလားခင်ဗျ ကျွန်တော် ကိုင်ပြင် အဖဲ့လုပ်မိလို့ပါ😌 909...

ဖြေကြားချက် 3 ခု

ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ

ဖြေကြားချက် 2 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။