ဖြေကြားချက် ၁ ခု
Trichoderma (ထရိုင်ကိုဒါးမား) သည် အကျိုးပြုမှိုဖြစ်၍ အပင်ခြေမြေဆီလွှာအခြေခံရောဂါများနှင့် လေဆောင်မှိုရောဂါများကို ကြိုတင်ကာကွယ်ရာတွင် ထိရောက်မှုရှိသော်လည်း၊ ကြက်သွန်နီတွင် ကျရောက်တတ်သည့် ဒေါင်းနီးနှင့် တောက်တဲ့မြီးရောဂါများ ဆိုးရွားစွာကျရောက်နေချိန်တွင် ၎င်းတစ်မျိုးတည်းဖြင့် ရာနှုန်းပြည့်ကုသရန် မလုံလောက်ပါဘူး။ရောဂါ မကျရောက်မီ ကြိုတင်ကာကွယ်သည့် အနေဖြင့် ပုံမှန်ပက်ဖျန်းထားပါက ရောဂါဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခုခံပေးနိုင်သော်လည်း၊ ရောဂါ အမှန်တကယ် ကျရောက်လာပါက ထိရောက်စွာ ကုသနိုင်စွမ်း မရှိပါဘူး။ ရောဂါပြင်းထန်ပါက Irodione သို့မဟုတ် Cymoxanil, Azoxystrobinကဲ့သို့သော ဓာတုမှိုသတ်ဆေးကို အမြန်ဆုံးပက်ဖျန်းနှိမ်နင်းရမည်ဖြစ်ပြီး၊ သတိပြုရန်မှာ Trichoderma နှင့် ဓာတုမှိုသတ်ဆေးများကို ရောစပ်မဖျန်းဘဲ အနည်းဆုံး ၇ ရက်ခြား၍ အသုံးပြုရပါမယ်။ ထို့ပြင် စိုက်ခင်းအတွင်း ရေမဝပ်စေရန်နှင့် နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံမကျွေးမိရန်လည်း လိုအပ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကချင်ပြည်နယ်ဘက်မှာ မိုးတွင်းခရမ်းချဥ်စိုက်ပျိုးလို့ရပါသလား
ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
ဖြေကြားချက် 1 ခု
ကြက်သွန်နီ စိုက်ပျိုးပုံ အဆင့်ဆင့်ကိုပြောပါအုံး တစ်ခါမှမစိုက်ဖူးလို့ ဘယ်လမှာ ပျိုးပြီးတော့ ဘယ်နရက်သားမှာ ချ...
ဖြေကြားချက် 2 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ