အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
161
လွန်ခဲ့သော ၃ ပတ် က · ပန်းတောင်း

ပဲပုပ်ကို ခုတ်ဖုံးကျဲလိုရလား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုး ရေ ပဲပုပ်

ဖြေကြားချက် ၅ ခု

87 လွန်ခဲ့သော ၃ ပတ် က

ံရေနက်ကွင်းဖြစ်လို့ ဆောင်းမှစိုက်ရပါတယ်ခုတ်ဖုံးကနောက်ပေါင်းကိုမနိုင်ပါအကြံပေးပါအုံ‌း

87 လွန်ခဲ့သော ၃ ပတ် က

@ဦးလှဦးမှထောက်ခံသည်

87 လွန်ခဲ့သော ၃ ပတ် က

နှစ်သက်

87 လွန်ခဲ့သော ၃ ပတ် က

ထောင့်ခံ

348,307 လွန်ခဲ့သော ၃ ပတ် က

ပဲပုပ်ကို ခုတ်ဖုံးစနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ရုံသာမက အလွန်ကောင်းမွန်သော နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက် လယ်မြေများတွင် ကျန်ရှိနေသည့် လက်ကျန်မြေအစိုဓာတ်ကို အသုံးချပြီး သီးထပ်စိုက်ပျိုးရာတွင် လုပ်အားခနှင့် ထွန်ယက်ခ ကုန်ကျစရိတ်များကို များစွာသက်သာစေပါတယ်။ စပါးရိုးပြတ်များနှင့် ကောက်ရိုးများကို ခုတ်ဖုံးပေးခြင်းဖြင့် မြေကြီးအတွင်းရှိ အစိုဓာတ်ကို ရေရှည်ထိန်းသိမ်းပေးပြီး ပေါင်းမြက်ပင်များ ပေါက်ပွားမှုကို သဘာဝအတိုင်း တားဆီးပေးနိုင်ပါတယ်။ သို့သော်လည်း အပင်ပေါက်နှုန်း ကောင်းမွန်စေရန်အတွက် စပါးရိတ်သိမ်းပြီးပြီးချင်း အစိုဓာတ်ရှိစဉ် အချိန်မီ စိုက်ပျိုးရန် လိုအပ်ပြီး၊ မြေအောက်မှိုရောဂါများနှင့် ဖျက်ပိုးများရန်မှ ကာကွယ်ရန် မစိုက်ပျိုးမီ မျိုးစေ့လူးနယ်ဆေး စနစ်တကျ သုံးစွဲရန် အထူးသတိပြုရပါမယ်။နောင်အပင်အရွယ်အလိုက်ရေလိူအပ်ချိန်ရေသွင်းပေးနိုင်ရန်လည်းလိုအပ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။