အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
kyaw zin
kyaw zin 2,164
လွန်ခဲ့သော ၃ ပတ် က · ပွင့်ဖြူ

ဧရာပဒေသာ၅၅ရက်သားအစေ့ချခင်းပါ၄၅ရက်သားက၁၅ပတ်လည်၄ဧက၂အိတ်ကျွေးထားပါတယ်၁လသားမှာ၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်ကျွေးထားပါတယ်နောက်တစ်ပတ်ဆေးကိုဘယ်ရက်လောက်ကျွေးသင့်လဲခဗျ၁၅ပတ်လည်နဲ့ပုလဲနဲ့ပတ်သင့်လားပိုတက်နဲ့ပုလဲကျွေးသင့်လားခဗျအပင်အနည်းငယ်အားရနည်းနေလို့ပါဘယ်ရက်လောက်မှာမြေဆီပြန်ကျွေးသင့်လဲခဗျ မြေကြီးအမျိုးအစားကမြေနက်ပါနင်းရင်မြေဇကွဲလိုအရာဝတ္ထုလေးတွေရှိပါတယ်

အပင်အာဟာရ စပါး
Post image
Post image
Post image

ဖြေကြားချက် ၆ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

သက်တမ်း ၅၅ ရက်ရှိပြီဖြစ်သော ဧရာမင်းစပါးခင်းသည် ယခုအခါ စပါးအနှံစတင်သန္ဓေတည်သည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ထို့ကြောင့် နောက်ထပ် မြေဩဇာကျွေးရမည့် အကောင်းဆုံးအချိန်မှာ ယခုအချိန်မှစ၍ နောက်ထပ် ၅ ရက်မှ တစ်ပတ်အတွင်း (စပါးသက်တမ်း ၆၀ ရက်မတိုင်မီ) ဖြစ်ပါတယ်။ အပင်အနည်းငယ် အားနည်းနေမှုကို ကုစားရန်နှင့် စပါးနှံအောင်စေရန်အတွက် တစ်ဧကလျှင် ၁၅ပတ်လည်နှင့်ပိုတက်ရှ် သမအောင် ရောစပ်ပြီး စိုက်ခင်းအတွင်း သမန်းအစိုဓာတ်ရှိချိန်တွင် ကြဲပတ်ပေးရပါမယ်။ တွေ့ရှိရသော မြေအမျိုးအစားသည် အာဟာရထိန်းစွမ်းအား နည်းသဖြင့် မြေဩဇာကြဲပြီး (၂) ရက်ခန့်အကြာမှ ရေပြန်သွင်းရန် လိုအပ်ပြီး၊ အပင်အာဟာရ အမြန်ပြည့်ဝစေရန် အနည်းလိုအာဟာရဓာတ်ပါဝင်သော ရွက်ဖျန်းအားဆေးနှင့် အမိုင်နိုအက်စစ် အားဆေးတစ်မျိုးမျိုးကိုပါ ယခုအချိန်တွင် တွဲဖက်ပက်ဖျန်းပေးသင့်ပါတယ်။ ပုလဲသီးသန့်ကိုတော့ အနှံမထွက်ခင်ဖုံးလုံးချိန်မှာ အပင်အရွက်အားမရပါက ထပ်မံထည့်သွင်းပေးနိုင်ပါတယ်။

kyaw zin
kyaw zin 2,164 လွန်ခဲ့သော ၃ ပတ် က

၄ဧကကိုဂျစ်ဆန်ပုလဲပိုတက်ဘယ်လောက်ကျွေးသင့်လဲခဗျ

kyaw zin
kyaw zin 2,164 လွန်ခဲ့သော ၃ ပတ် က

ကျေးဇူးပါဆရာကြီး

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ ပတ် က

ဟုတ်ပါတယ်။ကျွေးတဲ့အာဟာရ မနည်းပါဘူး။အပင်ကမစားနိုင်လို့ပါ။ပိုတက်နဲ့ တွဲကျွေးပါ။ဂျစ်ဆန်နဲ့ပိုတက် +ပုလဲရောကျွေးသင့်ပါတယ်။

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၃ ပတ် က

ပိုတက်နဲ့ပုလဲရောပက်လို့လည်းရပါတယ်ခင်ဗျာ

kyaw zin
kyaw zin 2,164 လွန်ခဲ့သော ၃ ပတ် က

ပိုတက်နဲ့ပုလဲကဝယ်ပြီးသားဖြစ်နေလို့ပက်လို့အဆင်ပြေနိူင်လားခဗျ၁၅ပတ်လည်ပဲပြန်ရောရမလားခဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။