အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
158
လွန်ခဲ့သော ၃ ပတ် က · ရွှေတောင်

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသ...

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 920 လွန်ခဲ့သော ၃ ပတ် က

https://greenwaymyanmar.com/posts/Rice_Bacterial_Leaf_Blight_Potassium Deficiency_Bacterial_Leaf_streaks_Symptoms_and_Solving

348,307 လွန်ခဲ့သော ၃ ပတ် က

ရောဂါကျစပါးရွက်၏လက္ခဏာပုံကိုထင်ရှားစွာမမြင်ရသည့်အတွက် အတိအကျဖြေရန်ခက်နေပါတယ်၊ ‌မိမိဘာသာကွင်းဆင်းစစ်ဆေးကြည့်ပါခင်ဗျာ၊ စပါးခင်းတွင် အရွက်များဝါပြီး အဖျားခြောက်ရခြင်းသည် အဓိကအားဖြင့် အကြောင်းရင်း (၃) မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပထမဆုံးအနေဖြင့် ဘက်တီးရီးယား ရွက်ခြောက်ရောဂါ (BLB) ဖြစ်နိုင်ပြီး၊ အရွက်နားများတွင် "V" ပုံသဏ္ဍာန်လှိုင်းတွန့်များဖြင့် ဝါခြောက်ကာ မနက်စောစောတွင် စေးပျစ်သော ပိုးစေးရည်စက်လေးများ တွေ့ရတတ်ကာ၊ ဖြစ်ပွားပါက ကော့ပါး (Copper) သို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin) ဘက်တီးရီးယားသတ်ဆေးများ ဖျန်းရပါမယ်။ ဒုတိယအချက်မှာ ပိုတက်ဆီယမ် (K) ဓာတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပြီး၊ အောက်ရွက်ဟောင်းများ၏ ရွက်နားတစ်လျှောက် ညီညီညာညာ ဝါခြောက်လာတတ်ကာ ပိုတက်ရှ် (MOP) မြေဩဇာ ကျွေးခြင်းဖြင့် ကုသနိုင်ပါတယ်။ တတိယအချက်မှာ မှိုကြောင့်ဖြစ်သော ဂုတ်ကျိုးရောဂါ (Blast) ဖြစ်နိုင်ပြီး၊ အရွက်ပေါ်တွင် အလယ်မီးခိုးရောင်၊ ဘေးအညိုရောင်ရှိသည့် လွန်းပုံသဏ္ဍာန် (မျက်လုံးပုံစံ) အကွက်များ တွေ့ရတတ်ကာ၊ ထရိုင်ဆိုင်ကလာဇိုး (Tricyclazole) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးများဖြင့် နှိမ်နင်းရပါမယ်။ တောင်သူကြီးအနေဖြင့် လယ်ကွက်ထဲဆင်း၍ အရွက်များ၏ အနီးကပ်လက္ခဏာကို ကြည့်ရှုကာ မည်သည့်အချက်နှင့် ကိုက်ညီသည်ကို စစ်ဆေးပြီးမှ မှန်ကန်သော ဆေးဝါးကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ ပတ် က

ပုံက မရှင်းလို့ တိတိကျကျတော့မပြောနိုင်ပါ။ခန့်မှန်းကြည့်ရတာ၊ရွက်ဖုံးခြောက်ရောဂါနဲ့ ပိုတက်ချို့တဲ့လက္ခဏာလို့ယူဆပါတယ်။ azoxystrobin+difenoconazole ဖျန်းပါ။ပိုတက်‌+ဂျစ်ဆန်ကျွေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။