ဖြေကြားချက် ၄ ခု
ပဲတောင့်ရှည်ပင်သည် ၎င်း၏ အမြစ်ဖုများမှတစ်ဆင့် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ကိုယ်တိုင်ဖမ်းယူနိုင်သော ပဲမျိုးရင်းဝင်အပင်ဖြစ်သဖြင့် ယူရီးယား (ပုလဲ) မြေဩဇာကို အလွန်အကျွံကျွေးခြင်းမှ ရှောင်ကြဉ်ရပါမယ်။ နိုက်ထရိုဂျင်များလွန်းပါက အပင်နွယ်တင်ကြမ်းပြီး အပွင့်နှင့်အသီး တင်နည်းသွားတတ်ပါတယ်။ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းစေရန်အတွက် မြေပြင်ချိန်တွင် သဘာဝမြေဩဇာနှင့်အတူ တီစူပါ (သို့မဟုတ်) ဖော့စဖရပ်ဓာတ်ကြွယ်ဝသော မြေခံမြေဩဇာ ကို အဓိကထား ထည့်သွင်းရပါမယ်။ အပင်သက်တမ်း (၁၅) ရက်မှ (၂၁) ရက်အတွင်း အပင်ကြီးထွားချိန်တွင် ၁၅-ပတ်လည် မြေဩဇာ (NPK 15:15:15) ကို အပင်ခြေဘေးတွင် ဘောင်တင်ရင်း ကျွေးပေးရမည်ဖြစ်ပြီး၊ သက်တမ်း (၃၅) ရက်နောက်ပိုင်း ပန်းပွင့်သီးကပ်ချိန်တွင်မူ ပိုတက်ဆီယမ်ဓာတ်မြင့်မားသော မြေဩဇာနှင့်အတူ ကယ်လ်ဆီယမ်၊ ဘိုရွန် ပါဝင်သည့် ရွက်ဖြန်းအာဟာရများ ကို ပက်ဖြန်းပေးခြင်းဖြင့် အသီးရှည်လျားပြီး အထွက်နှုန်း ကောင်းမွန်စေပါလိမ့်မယ်။
နောက်ဆိုကိုယ်ပိုင်ပို့စ်ဖြင့်မေးခွန်းတင်မေးပေးပါဗျ၊ အဒါက မေးခန်းရှင်အတွက် ပိုကောင်းပါတယ်ဗျ
ဘဲချေးဆွေးဟာ စပါးပင်အတွက် လိုအပ်တဲ့ အဓိကအာဟာရဖြစ်တဲ့ N (နိုက်ထရိုဂျင်) ဓာတ် အားအကောင်းဆုံး ပါဝင်ပြီး၊ P (ဖော့စ်ဖရပ်) နဲ့ K (ပိုတက်စီယမ်) ဓာတ်များလည်း စုံစုံလင်လင် ပါဝင်ပါတယ်။ စပါးခင်းထဲ ကြဲပက်ဖို့ အကောင်းဆုံးအချိန်ကတော့ နောက်ဆုံးထွန်တုံးပိတ် တမန်းပြင်ချိန်မှာ မြေခံမြေဩဇာအဖြစ် ထည့်သွင်းခြင်းနဲ့ စပါးပင်သက်တမ်း ၂၀ မှ ၃၀ ရက်အတွင်း ပင်ပွားထွက်ချိန်မှာ ဒုတိယအကြိမ် ထည့်သွင်းခြင်းတို့ ဖြစ်ပါတယ်။ သတိပြုရန်မှာ မြေဩဇာပက်ရာတွင် လုံးဝဆွေးမြည့်ပြီးသား ဘဲချေးကိုသာ သုံးစွဲရမှာဖြစ်ပြီး၊ ပိုမိုထိရောက်စေရန် ဓာတ်မြေဩဇာအနည်းငယ်နှင့် တွဲဖက်သုံးစွဲသင့်ပါတယ်။
ဘဲချေးဆွေးက စပါးပင်အတွက်N လား။ P လားK လား ဘယ်ဓာတ်ဖြစ်မလဲဗျ စပါးခင်းကိုကြဲရင်ရော ဘယ်ချိန်ပက်ရင်အကောင်းဆုံလဲဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်...
ဖြေကြားချက် 1 ခု
တိုင်ထောင်ပဲအရွက်တွေဝါလာပြီးအသီးတွေပုံမမှန်လို့ဘာရောဂါ လဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
ဖြေကြားချက် 2 ခု
တိုင်ထောင်ပဲစိုက်ခင်းမှာကြွက်တွေဆိုးဆိုးရွားရွားကျနေလို့ခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
ဖြေကြားချက် 1 ခု
ဆရာခင်ဗျ ဒီချိန်မှာ ပဲတောင့်ရှည် စိုက်မယ်ဆိုရင်မှီသေးလားခင်ဗျ မြေခံဘာထည့်စိုက်ရမလဲခင်ဗျ
ဖြေကြားချက် 2 ခု