အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,744
လွန်ခဲ့သော ၂ ပတ် က · ချောက်

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာ...

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာလဲ အောင်မြင်မှုဆီသို့ နီးစပ်လာပါပြီခင်ဗျ Green Way app ထုတ်လုပ်သူတွေရော အမြဲစိတ်ရှည်အကြံဥာဏ်ပေးတဲ့ ကိုသော်ဇင် / ဒို့ဦးလေး ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေခင်ဗျ

စိုက်ပျိုးနည်း ခရမ်းချဉ်
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

348,301 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

စိုက်ပျိုးရေးပညာရှင်တစ်ဦးအနေနဲ့ လူကြီးမင်းရဲ့ ခရမ်းချဉ်စိုက်ခင်းကို ကြည့်ရတာ တကယ်ကို ကျန်းမာသန်စွမ်းပြီး အသီးအဆုပ်လိုက်နဲ့ လှပအောင်မြင်နေတာကို တွေ့ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ၃ နှစ်တိုင်တိုင် Green Way ရဲ့ အကြံပြုချက်တွေကို စနစ်တကျလိုက်နာခဲ့တဲ့ လူကြီးမင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် အခုလို အောင်မြင်မှုနဲ့ နီးစပ်လာတာ ဖြစ်ပါတယ်။ လက်ရှိ အသီးကြီးထွား ရင့်မှည့်ချိန်မှာ အရည်အသွေး ပိုမိုကောင်းမွန်စေဖို့ ရေသွင်းရေထုတ်ကို မှန်ကန်စွာ ဂရုစိုက်ပေးရန်၊ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ အာဟာရ ဖြည့်တင်းပေးရန်နဲ့ အသီးထိုးပိုး သို့မဟုတ် မှိုရောဂါများ မကျရောက်အောင် အမြဲမပြတ် စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

704 လွန်ခဲ့သော ၂ ပတ် က

အ‌ရမ်းတော်သောဆရာကြီးတွေပါ/စသိတာမကြာသေးပေမယ့်လမ်းညွန်မှုအတိုင်းဆောင်ရွက်နေတာကျွန်တော့်စပါးခင်းတွေလည်းအောင်မြင်နေတယ်ဆရာတို့ရေ

9,744 လွန်ခဲ့သော ၂ ပတ် က

ဟုတ်ဗျ လမ်းညွှန်ပေးလိုက်ပါမယ်ဗျ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၂ ပတ် က

အခုလိုကြားသိရတာ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျ။ အခြားတောင်သူတွေကိုလည်း အစိမ်းရောင်လမ်းကို မျှဝေပေးပါဦးဗျ။

9,744 လွန်ခဲ့သော ၂ ပတ် က

ဟုတ်ကဲ့ပါဆရာခင်ဗျ ကျေးဇူးအထူးပါဗျ

You

ဆက်စပ်မေးခွန်းများ

ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်...

ဖြေကြားချက် 6 ခု

ဆရာရေ လုပ်ပါအူးဗျ အခုညအပင်တွေ လိုက်ကြည့်ပီး အပင်တွေလဲနေလို့ ပြင်ပေးရင်း အလိုလုံးတွေတွေ့ရတယ်ဆျာ တစ်နှစ်မှမကြုံ...

ဖြေကြားချက် 4 ခု

ဆရာခင်ဗျ အပင်ငယ်စဥ်တုန်း 18.7.7 မြေသြဇာကျွေးထားပါတယ် အသီးပွင့်ဝင်တုန်းကရှေ့တစ်ပတ်ကပဲ 15 ပတ်လည် ကျွေးထားပါတယ်ဆ...

ဖြေကြားချက် 2 ခု

ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုး...

ဖြေကြားချက် 7 ခု

အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။