အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
248
လွန်ခဲ့သော ၂ ပတ် က · လက်ပံတန်း

ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏

စိုက်ပျိုး ဗဟုသုတ ရွှေဖရုံသီး
Post image

ဖြေကြားချက် ၄ ခု

348,948 လွန်ခဲ့သော ၂ ပတ် က

@U Kyar ကိုယ်ပိုင်ပို့စ်တင်မေးပေးပါဗျ

348,948 လွန်ခဲ့သော ၂ ပတ် က

ရွှေဖရုံပင်များကို အညွန့်ဆိတ်ရန်နှင့် မြေသြဇာကျွေးရန် အကောင်းဆုံးအချိန်မှာ အပင်သက်တမ်း ၂၀ မှ ၄၅ ရက်ဝန်းကျင် (နွယ်မပြေးမီနှင့် ပန်းမပွင့်မီကာလ) ပါ။ နွယ်ပင်အလျား ၂ ပေခွဲခန့်ရှိပြီး အရွက် ၆ ရွက်မှ ၈ ရွက် ထွက်လာချိန်တွင် ပင်မနွယ်၏ ထိပ်ဖျားအညွန့်ကို ဆိတ်ပေးခြင်းဖြင့် ဘေးကိုင်းပွားများ ပိုမိုထွက်ရှိကာ မမျိုးဥအပွင့်ပွင့်နှုန်းနှင့် အထွက်နှုန်းကို မြင့်မားစေပါတယ်။ မြေသြဇာကျွေးရာတွင် ပုံပါအတိုင်း နွယ်စတင်ထွက်ချိန်တွင် အပင်ဝေဆာစေရန် နိုက်ထရိုဂျင်မြင့်မားသော ယူရီးယား သို့မဟုတ် ၁၅ ပတ်လည်မြေသြဇာကို အပင်ခြေနှင့် ခပ်လှမ်းလှမ်းတွင် ပတ်ကျွေးရမည်ဖြစ်ပြီး၊ သက်တမ်း ၄၀ ကျော် အဖူးအပွင့်စတင်ချိန်တွင် ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြင့်မားသော တီစူပါနှင့် ပိုတက်ရှ်မြေသြဇာသို့ ပြောင်းလဲကျွေးကာ ရေပုံမှန်သွင်းပေးရပါမှာပါ။

217 လွန်ခဲ့သော ၂ ပတ် က

ဓါတ်မြေဩဇာဘယ်လိုအမျိုးစားပက်ဖြန်းရမလဲ

217 လွန်ခဲ့သော ၂ ပတ် က

စပါးစိုက်ခင်းကောက်စိုက်ပြီးရက်ဘယ်လောက်အကြမှာဓါတ်မြေဩဇာကြွေးရလဲ

You

ဆက်စပ်မေးခွန်းများ

ရွှေဖရုံကို ဒီလိုဝတ်မှုန်ကူးတာ မှန်ပါသလား ခင်ဗျ။ နည်းလမ်းမှန်ကို လမ်းညွှန်ကြပါအုန်း ဆရာတို့ ခင်ဗျ။

ဖြေကြားချက် 1 ခု

အညွန့်စား ဖရုံဆိုပြီး စိုက်တာ အသီးတွေသီးပြီး အညွန့်အားနည်းသွားတယ် တချို့အသီးတွေ အချင်း ၈လက်မခန့်ရှိနေပြီ အ...

ဖြေကြားချက် 1 ခု

ကျွန်တော်ကတော့ကတော့ ရွှေဖရုံစိုက်ဝါသနာပါ တောင်သူတယောက်ပါ¡¡ စိုက်သလောက် စျေးကွက် ကမတိုးမိဘူး ဘယ်လ ဘယ်မျိုး ဘယ်...

ဖြေကြားချက် 1 ခု

အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။

ဖြေကြားချက် 2 ခု

ပုံမှန်ဆို အသီးလှိုင်လှိုင်ကျနေပြီ တန်းကြား၁၅ပေ ပင်ကြား၆ပေ နှစ်ပင်စိုက် ဟုန်ထိုးသွားလို့အရွက်တွေ ရှင်းပေးတယ် အ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။