အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
159
လွန်ခဲ့သော ၂ ပတ် က · နတ္တလင်း

ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား

ပိုးမွှားရောဂါ မတ်ပဲ
4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ ပတ် က

ဆေးနာမည်တွေပဲပြောတော့ ပါဝင်ပစ္စည်းတွေ မသိဘူးလေ။ pမပါရင်တော့ ရနိုင်ပါတယ်

348,301 လွန်ခဲ့သော ၂ ပတ် က

ဆရာကြီးဗျမင်းသားမှာက (K2O: 7.4%, CaO: 32.6%) ပါဝင်ပါတယ်ဗျ၊

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ ပတ် က

Phosphates နှင့် Alkaline တုံ့ပြန်မှု: ရွက်ဖျန်း NPK ဆေးများတွင် ပါဝင်သော ဖော့စဖရပ် (P) သို့မဟုတ် ပိုတက်စီယမ် (K) ဒြပ်ပေါင်းအချို့သည် Metiram အုပ်စုဝင် မှိုသတ်ဆေးများနှင့် ဓာတ်ပြုကာ ဆေးအနယ်ထိုင်ခြင်း သို့မဟုတ် အရွက်လောင်ခြင်း (Leaf scorch) ဖြစ်စေနိုင်သည်။ မဖျန်းမီ အပြင်မှာ အစမ်းရောကြည့်ပါ။ မှိုသတ်ဆေး(အထူးသဖြင့် metiram)က NPKအားဆေးတွေနဲ့ အပင်နု၊အရွက်နု၊အပွင့်ဝင်ချိန်မှာ error ရှိနိုင်ပါတယ်။ ဖြစ်တတ်တဲ့ သဘာဝကိုပြောတာပါ။

348,301 လွန်ခဲ့သော ၂ ပတ် က

ဂရန်း ၆၀၀ မှိုသတ်ဆေးနှင့် မင်းသား ရွက်ဖျန်းမြေသြဇာကို မတ်ပဲခင်းတွင် စနစ်တကျ တွဲဖက်အသုံးပြုနိုင်ပြီး ဓာတ်ပြုပျက်စီးခြင်း မရှိပါဘူး။ ဂရန်း ၆၀၀ သည် မတ်ပဲတွင် ကျရောက်တတ်သော ရွက်ပြောက်ရောဂါများကို ထိရောက်စွာ ကာကွယ်ကုသပေးနိုင်ပြီး အရွက်များကို ပိုမိုစိမ်းလန်းစေပါတယ်။ မင်းသား ရွက်ဖျန်းမြေသြဇာတွင် ပါဝင်သော ကယ်လ်စီယမ် (CaO) က ဆဲလ်နံရံကို ခိုင်မာစေပြီး အပွင့်အသီးကြွေခြင်းကို တားဆီးပေးကာ၊ ပိုတက်စီယမ် (K2O) က ပဲသီးအရည်အသွေး ကောင်းမွန်စေရန် ကူညီပေးပါတယ်။ ၎င်းဆေးနှစ်မျိုးကို ပေါင်းစပ်ဖျန်းခြင်းဖြင့် အပင်ကို ရောဂါမှ ကာကွယ်ရုံသာမက အထွက်နှုန်းကိုပါ တိုးတက်စေနိုင်ပါတယ်။ပထမအကြိမ်အဖြစ် ပဲပင်သက်တမ်း ၂၀ မှ ၂၅ ရက်ဝန်းကျင် (ကိုင်းဖြာချိန်) တွင် ပက်ဖျန်းခြင်းဖြင့် အပင်ကို သန်မာစေပြီး မှိုရောဂါများ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒုတိယအကြိမ် (အထိရောက်ဆုံးကာလ) အဖြစ် ပဲပင်သက်တမ်း ၄၀ မှ ၄၅ ရက်ဝန်းကျင် ပန်းမပွင့်မီ ဖူးစပြုချိန် (သို့မဟုတ်) ပွင့်ခါစအချိန် တွင် ပက်ဖျန်းပေးရပါမယ်။ ဤအချိန်တွင် မင်းသားက အပွင့်အသီးကြွေခြင်းကို တားဆီးပေးပြီး ဂရန်း ၆၀၀ က ပန်းပွင့်ချိန်တွင် ကျရောက်တတ်သော ရွက်ပြောက်ရောဂါများကို ကာကွယ်ပေးနိုင်သောကြောင့် အထွက်နှုန်းကို အများဆုံး တိုးတက်စေနိုင်ပါလိမ့်မယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။