အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
74
လွန်ခဲ့သော ၂ ပတ် က · ကျုံပျော်

စပါးမျိုးကဗျော့ထွန်းဖုံးနေပါပြီ အရွက်မှာအစင်းတွေ့နေလို့ ပီပိုလန်နဲ့ပိုးသတ်ဆေးဖျန်းချင်လို့ရမလားခင်ဗျဖြေပေးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
အပင်အာဟာရ စပါး
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

348,301 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဓာတ်ပုံအရ စပါးရွက်ရင့်များ၏ အဖျားနှင့် ဘေးအနားများ ဝါးခြမ်းစောင်းသဏ္ဌာန် ဝါခြောက်လာခြင်းသည် ပိုတက်စီယမ် (K) ချို့တဲ့သည့် လက္ခဏာ သေချာပေါက် ဖြစ်နေပါတယ်။ စပါးဗျော့ထွန်း/ဖုံးလုံးချိန်တွင် ပီဖိုလန် (N:0% - P₂O₅:51.5% - K₂O:33.5%) ကို အသုံးပြုခြင်းဖြင့် ပါဝင်သော ပိုတက်စီယမ်က အပင်ကို သန်မာစေပြီး အဆံအောင်စေမည့်အပြင်၊ ဖော့စဖရပ် မြင့်မားစွာ ပါဝင်မှုကြောင့် အနှံထွက်စောပြီး အထွက်နှုန်း တိုးတက်စေပါမယ်။ ယခုအချိန်တွင် နိုက်ထရိုဂျင် (N) ထပ်ကျွေးပါက အပင်အရွှန်းလွန်ပြီး ရောဂါကျလွယ်သောကြောင့် နိုက်ထရိုဂျင် လုံးဝမပါသော ပီဖိုလန်ကို သုံးစွဲခြင်းက အလွန်မှန်ကန်သော ရွေးချယ်မှု ဖြစ်ပါတယ်။ပီဖိုလန် (Comet Pfolan) ကို စပါးခင်းရှိ ပိုးသတ်ဆေးအများစုနှင့် စိတ်ချစွာ ရောစပ်ပက်ဖျန်းနိုင်ပြီး လုပ်အားခနှင့် အချိန်ကို သက်သာစေပါတယ်။ သို့သော် ထုံးကန့်အရောအနှော သို့မဟုတ် ဘော်ဒိုဆေးရည်ကဲ့သို့ အယ်လ်ကာလိုင်းဓာတ် (Alkaline) အလွန်မြင့်မားသော ဆေးများနှင့် ရောစပ်ခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။ ဆေးဖျော်စပ်ရာတွင်လည်း ဆေးပုံးထဲသို့ ရေအရင်ထည့်ပြီး ပီဖိုလန်ကို သေချာအရင်ဖျော်ပြီးမှသာ ပိုးသတ်ဆေးကို နောက်မှထည့်သွင်းမွှေပေးရမည်ဖြစ်ပြီး၊ အပင်အာဟာရစုပ်ယူမှု အကောင်းဆုံးဖြစ်စေရန် မနက်စောစော သို့မဟုတ် ညနေခင်း နေအေးချိန်တွင်သာ ပက်ဖျန်းပေးသင့်ပါတယ်။

74 လွန်ခဲ့သော ၂ ပတ် က

ဟုတျကဲ့ပါ

31 လွန်ခဲ့သော ၂ ပတ် က

ပီဖိုလန်က ဆေးနာမည်လားခင်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။