အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
25
လွန်ခဲ့သော ၁ ပတ် က · ပျော်ဘွယ်

စပါးခင်းမှာဖြစ်နေတာလေးတွေတွေ့လို့ပါ ဘာဖြစ်တာလဲဆိုတာပြောပြပေးပါဦး

စိုက်ပျိုးနည်း စပါး
Post image

ဖြေကြားချက် ၃ ခု

418 လွန်ခဲ့သော ၁ ပတ် က

မြက်နင့်စပါးရောပြီးတမန်းမကောင်းတဲနေရာမှဖြစ်တာတခင်းလုံးမဟုပ်လောက်ဖူးမျက်နှုပ်တမန်နှိုးမေးရင်ကောင်းမလာလို့

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၁ ပတ် က

စိုက်ခင်းရဲ့ အခြေအနေလေး ေသချာပြောပေးပါလားဗျ? ဘာမြေသြဇာတွေ ကျွေးထားလဲ? စိုက်ခင်းရေတွေ ထုတ်ပစ်ပြီးတဲ့ ဖြစ်လာတာလား?

347,839 လွန်ခဲ့သော ၁ ပတ် က

ဒီလိုမျိုးမကြုံဘူးပါဘူး။ မြေဆီလွှာပြဿနာဖြစ်နိုင်ပါတယ်။ပုံပါ စပါးခင်းတွင် ဖြစ်ပွားနေသည်မှာ ရေဝပ်ပြီး နေရောင်ခြည် အလွန်ရခြင်းနှင့် ဓာတ်မြေဩဇာ အသုံးများခြင်းကြောင့် ဖြစ်တတ်သည့် ရေညှိ/ရေမှော်အလွန်အမင်း ပေါက်ပွားခြင်း လို့ထင်မြင်ယူဆမိပါတယ်။ ၎င်းသည် စပါးပင်ငယ်များကို ရစ်ပတ်ဖုံးအုပ်ပြီး နေရောင်ခြည်နှင့် အာဟာရဓာတ်များကို ကြားက ဖြတ်ယူသွားသဖြင့် စပါးပင်များ အဝါရောင်သန်းကာ ကြီးထွားမှု နှောင့်နှေးစေပါတယ်။ ဖြေရှင်းရန်အတွက် လယ်ကွင်းထဲရှိ ရေဟောင်းများကို ကုန်အောင် ထုတ်ပစ်ပြီး မြေမျက်နှာပြင် ခြောက်သွေ့သွားစေရန် (၂) ရက်မှ (၃) ရက်ခန့် နေလှန်းပေးခြင်းက အထိရောက်ဆုံး ဖြစ်သည်။ ရေထုတ်ရန် ခက်ခဲပါက Copper hydroxide ကို မြေဆီလွှာမှာဖျန်းပေးရပါမယ်။တခြားတမန်းပြင်ပေါင်းသတ်ဆေးတွေအသုံးပြုထားတာမျိုးရှိသေးလား၊ အခြားအကြေညင်းအရာတွေလည်းဖြစ်နိုင်ပါသေးတယ်။အတွေ့အကြုံရှိ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူဦးကြီးများလည်း ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။