ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
ပုံပါ ကော်ဖီပျိုးပင်များတွင် တွေ့ရသော လက္ခဏာမှာ နေလောင်ဒဏ်၊ အပူဒဏ်နှင့် နိုက်ထရိုဂျင် (N)၊ သံဓာတ် (Fe) ပြင်းထန်စွာ ချို့တဲ့ခြင်းကြောင့်ဖြစ်သော အာဟာရနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်။ အပင်များ အာဟာရချို့တဲ့ပြီး အားနည်းသွားချိန်တွင် ဒုတိယအဆင့်အနေဖြင့် Cercospora ရွက်ပြောက်မှို ရောဂါ ဝင်ရောက်နှောင့်ယှက်ခြင်း ဖြစ်ပါတယ်။ ကုသရန်အတွက် ပျိုးဘောင်ပေါ်တွင် ၅၀%-၇၀% အရိပ်ပိုက် (Shade net) ချက်ချင်းမိုးပေးခြင်း၊ 20-20-20+TE ရွက်ဖျန်းမြေဩဇာဖြည့်ပေးခြင်း၊ ပျိုးအိတ် ရေဝပ်မှုမရှိစေရန် ထိန်းသိမ်းခြင်းနှင့် အကယ်၍လိုအပ်ပါက ကော့ပါးမှိုသတ်ဆေး (Copper-based fungicide) သို့မဟုတ် Mancozeb ကို နှုန်းထားအနိမ့်ဖြင့်ပက်ဖြန်းပေးရန် လိုအပ်နိုင်ပါတယ်။အရင်ဦးဆုံးအရိပ်ပေး၊20-20-20+TE ရွက်ဖျန်းမြေဩဇာဖြည့်ပေး၊ ပျိုးအိတ် ရေဝပ်မှုမရှိစေရန် ထိန်းသိမ်းပေးကြည့်ပါ၊ရောဂါကျအရွက်များက အခြားအရွက်များကို ဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်ပေးပါခင်ဗျ၊ပျံ့ပွားလာရင် မှိုဆေးဖျန်းရန်လိုအပ်နိုင်ပါတယ်။

ဆက်စပ်မေးခွန်းများ
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
ဖြေကြားချက် 2 ခု
ဖော်ပြပါဓါတ်ပုံအတိုင်း အမည်မသိရောဂါကျရောက်ဖျက်ဆီးနေပါတယ်။ရောဂါ အမျိုးအစားနှင့်ကုသကာကွယ်ရေးနည်းလမ်းပြန်ကြားပေး...
ဖြေကြားချက် 2 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
ဖြေကြားချက် 2 ခု
ကော်ဖီထုပ်ပိုးမစားအောင်ဘာဆေးကာကွယ်ရမလည်း
ဖြေကြားချက် 1 ခု
ကော်ဖီပင်တွေစိုက်တာ တစ်လပြည့်ခါနီးပါပြီ အခု ဒီလို ကော်ဖီရွက်လေးတွေ တစ်ခြံလုံးလိုလို ဒီလိုပုံစံဖစ်နေပါတယ် ဘယ်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။