အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
16
လွန်ခဲ့သော ၁ ပတ် က · ကလော

မူန်ညှင်းအပင်ပုတ်နေတာဘာဆေးသုံးရမလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၆ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
ပိုးမွှားရောဂါ မုန်ညင်းဖြူထုပ်
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ ပတ် က

ဘက်တီးရီးယား ပင်ခြေပုပ်ရောဂါဝင်ပုံရပါတယ်။ အပင်ခြေကပ်ပြီး မြေဆီ‌မကျွေးပါနဲ့။ Bismerthiazol ၆၀ဂရမ်/ဆေးတပုံးဖျန်းပါ။

348,307 လွန်ခဲ့သော ၁ ပတ် က

မုန်ညင်းပင်ငယ်စဉ် အပင်ပုပ်ရခြင်းမှာ မြေဆောင်မှိုများကြောင့် ဖြစ်ပွားသော ခါးရိရောဂါ၊ ပင်ခြေပုပ်ရောဂါများအပြင် Xanthomonas ဘက်တီးရီးယားကြောင့် ဖြစ်တတ်သည့် ဘက်တီးရီးယား အနက်ပုပ်ရောဂါ (Black Rot) တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားရောဂါ ဖြစ်ပါက အရွက်များတွင် "V" ပုံသဏ္ဌာန် အဝါကွက်များဖြစ်ပြီး အကြောများ မည်းကာ ပုပ်သွားတတ်ပါတယ်။ ရောဂါကာကွယ်နှိမ်နင်းရန်အတွက် မှိုရောဂါဖြစ်ပါက Metalaxyl (မီတာလပ်ဆီ), Carbendazim,Thiophanate methyl ကဲ့သို့ မှိုသတ်ဆေးများကို သုံးစွဲရမည်ဖြစ်ပြီး၊ ဘက်တီးရီးယားရောဂါဖြစ်ပါက Copper Oxychloride (ကော့ပါး) ကဲ့သို့ ကြေးနီဓာတ်ပါသော ဆေး ကဲ့သို့ ဘက်တီးရီးယားသတ်ဆေးများကို အပင်ခြေနှင့် မြေကြီးထဲ စိမ့်ဝင်အောင် ပက်ဖျန်းပေးရပါမယ်။ ရေရှည်အတွက် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ ကောင်းမွန်စေခြင်း၊ ရောဂါရအပင်များကို နှုတ်ယူမီးရှို့ခြင်းနှင့် မြေပြင်စဉ်တွင် ထရိုင်ကိုဒါးမားမှို ထည့်သွင်းခြင်းတို့ကို ပူးတွဲလုပ်ဆောင်ရပါမယ်။ရောဂါကျအစိတ်အပိုင်းက ပုံမှာရှင်းလင်းစွာမမြင်ရလို့ မိမိကိုယ်တိုင်သေချာစစ်ဆေးကြည့်ပါဦးခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။