အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးမောင်ကျော်
လွန်ခဲ့သော ၁ ပတ် က · ဟင်္သာတ

ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ

ပိုးမွှားရောဂါ ငရုတ်သီး

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 353,155 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ငရုတ်ခါးရိရောဂါသည် အစိုဓာတ်လွန်ကဲပြီး ရေဝပ်သော ပျိုးခင်းများတွင် ဖြစ်ပွားတတ်သည့် မြေဆောင်မှိုရောဂါဖြစ်ပြီး၊ မြေကြီးနှင့်ထိစပ်နေသော ပင်စည်ခြေပိုင်း ပုပ်၍ လဲကျခြောက်သေစေတတ်ပါတယ်။ ၎င်းကို ကာကွယ်ရန် ရေစီးရေလာကောင်းအောင် ပြင်ဆင်ပြီး Carbendazim သို့မဟုတ် Metalaxyသို့မဟုတ် Foestyl Al မှိုသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပေးရပါမယ်။ မြစ်ခြောက်ဆွေးရောဂါသည် ရာသီဥတုပူပြင်းပြီး မြေကြီးအစိုဓာတ်ပြောင်းလဲမှု မြန်ဆန်ချိန်တွင် သဲနုံးမြေများ၌ အဖြစ်များပြီး၊ အမြစ်များပုပ်ဆွေးကာ တစ်ပင်လုံး ညှိုးခြောက်သေဆုံးစေပါတယ်။ ၎င်းအတွက် မြေပြင်ချိန်တွင် ထရိုင်ကိုဒါးမား ဇီဝမှိုဆေး ထည့်သွင်းခြင်း၊ ရောဂါရပင်ကို နှုတ်ယူမီးရှို့ခြင်းနှင့် Azoxystrobin သို့မဟုတ် Thiophanate methyl, Hymexazol ဆေးရည်ကို အပင်ခြေသို့ ဖျန်းပေးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါတယ်

သော်ဇင်
သော်ဇင် 353,155 လွန်ခဲ့သော ၁ ပတ် က

ငရုတ်ခါးရိအတွက်ကတော့ ဆေးဆိုင်တွေမှာပါဝင်ပစ္စည်း ပြော မေးကြည့်ပါ၊ ဥပမာ ကာဗင်ဒါဇင် (Carbendazim)ပါဝင်သည့်မှိုသတ်ဆေးရှိလား၊ Metalaxy မက်တယ်လက်ဇီးရှိလား၊ဖော့စတိုင်းအလူမီနီယမ် (Foestyl Al)ရှိလားမေးကြည့်ပါ၊

ဦးမောင်ကျော်
ဦးမောင်ကျော် 91 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် ခါးရိတာကိုပြောပြပေးပါ သြဘာထဲကဖြစ်ဖြစ် ဝိစာရတဲကဖြစ်ဖြစ်ဆရာ

သော်ဇင်
သော်ဇင် 353,155 လွန်ခဲ့သော ၁ ပတ် က

မြစ်ခြောက်ဆွေးအတွက် ဝိစာရကထုတ်သည့် ထီး မှိုသတ်ဆေးကို အပင်ခြေစိုရွှဲအောင်ဖျန်းပေးပြီး ကာဗာကို အပင်အပေါ်ပိုင်းဖျန်းပေးပါ

ဦးမောင်ကျော်
ဦးမောင်ကျော် 91 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် ဆေးနာမည်လေးတွေပြောပြပါလား သြဘာဆေးထဲကဖြစ်ဖြစ် ဝိစာရထဲကဖြစ်ဖြစ် ခါးရိရင် ဒီဆေးဖျန်းပေးပါ အမြစ်ခြောင်ရင် ဒီဆေးဖျန်းပေးပါ အဲ့လိုလေးပြောပြပါလား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။