အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
22
လွန်ခဲ့သော ၆ ရက် က · ဒဂုံမြို့သစ်မြောက်ပိုင်း

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့...

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

တန်ဘိုးမြှင့်ထုတ်ကုန် တမာ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၆ ရက် က

မြန်မာနိုင်ငံမှာ၊ကမ္ဘာ့အဆင့်အတန်းမီ၊တမာပိုးသတ်ဆေးစက်ရုံကို၊မကွေးတိုင်း၊ပခုက္ကူမြို့မှာ တည်ရှိပြီးဖြစ်ပါတယ်။ ပြည်တွင်းသုံးထက်၊နိုင်ငံခြားပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့နေပါတယ်။(အခုလို အချိန်ခါမျိုးမှာတော့ မသိတော့ပါ)။ စက်ရုံနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့သာလိုအပ်ပါတယ်။

348,948 လွန်ခဲ့သော ၆ ရက် က

တမာစေ့မှ စီးပွားဖြစ် အရည်အသွေးမီ တမာဆီထုတ်လုပ်ရန် အဓိကဓာတ်များ မပျက်စီးစေသည့် အအေးခံစနစ်ဖြင့် ညှစ်ရမည်ဖြစ်ပြီး၊ ညှစ်မည့် တမာစေ့များသည် အစိုဓာတ် ၁၀% ဝန်းကျင် သာရှိပြီး မှိုကင်းစင်ရန် အရေးကြီးကာ ညှစ်ပြီးနောက် အနည်ကင်းစင်အောင် Filter Press စက်ဖြင့် စစ်ထုတ်ရပါမယ်။ အရေအတွက် အမြောက်အမြား (Bulk) ဝယ်ယူရန်အတွက် တမာပင် အများဆုံး ပေါက်ရောက်ရာ မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ ဝမ်းတွင်း ဒေသရှိ ပွဲရုံများတွင် စုံစမ်းနိုင်သလို၊ ယခု အသုံးပြုနေသော Green Way (အစိမ်းရောင်လမ်း) အက်ပ်၏ ဈေးကွက်ကဏ္ဍ ဈေးတန်းကြီး တွင်လည်း တိုက်ရိုက်ပို့စ်တင်ပြီး အဆက်သွယ်ရှာကြည့်ပါဦး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။