အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Phyo Zaw Hein
Phyo Zaw Hein 278
လွန်ခဲ့သော ၁ လ က · စဉ့်ကူး

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

ဖြေကြားချက် ၁၂ ခု

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

အရွက်အချဉ်ရည် ပြုလုပ်စဉ်အတွင်း လောက်ကောင်များ တွေ့ရခြင်းသည် လုပ်ငန်းစဉ်တစ်ခုခုတွင် လေလုံအောင် ပိတ်ဆို့နိုင်မှု အားနည်းသွားခြင်း သို့မဟုတ် အဖုံးမပိတ်မီ ယင်ကောင်များ ဝင်ရောက်ဉချသွားခြင်းကြောင့် ဖြစ်နိုင်ပြီး ၎င်းသည် ပုံမှန်အခြေအနေမဟုတ်ပါဘူး။ အဆိုပါ လောက်ကောင်ကျနေသော အချဉ်ရည်တွင် မကောင်းသော ဘက်တီးရီးယားများနှင့် ရောဂါပိုးမွှားများ ပွားများနေနိုင်သဖြင့် သီးနှံပင်များတွင် ဆက်လက်အသုံးပြုရန် လုံးဝမသင့်တော်တော့ဘဲ သွန်ပစ်ရန် သို့မဟုတ် မြေဆွေးပုံထဲသာ ထည့်ရန် လိုအပ်ပါတယ်။ နောင်တွင် ဤသို့မဖြစ်စေရန် သတင်းစာစက္ကူဖြင့် ချည်ခြင်းထက် ရာဘာကွင်းပါသော လေလုံပလတ်စတစ်ပုံးကို သုံးခြင်း၊ အရွက်များကို အရည်ထဲမြုပ်အောင် အပေါ်မှ လေးလံသောအရာဖြင့် ဖိထားခြင်းနှင့် ပြုလုပ်စဉ်အတွင်း ယင်ကောင်မနားစေရန် အထူးဂရုစိုက်ခြင်းတို့ကို လုပ်ဆောင်ရပါမယ်။

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၂ ပတ် က

@Phyo Zaw Hein မှည့်ဝင်းနေသော ငှက်ပျောသီး သို့မဟုတ် ငှက်ပျောခွံသီးသန့်ကို တင်လဲရည် (သို့မဟုတ် သကြားညို) နှင့် ၁:၁ အချိုးကျရောစပ်ကာ အရိပ်ထဲတွင် ၇ ရက်မှ ၁၀ ရက်ခန့် အချဉ်ဖောက်ခြင်းဖြင့် ပိုတက်စီယမ်ဓာတ် အလွန်ကြွယ်ဝသော သဘာဝအားဆေးရည် ကို ထုတ်ယူနိုင်ပါတယ်။ ထို့ပြင် သဘာဝအတိုင်း ပိုတက်စီယမ်ဓာတ် ထပ်မံရရှိနိုင်ရန်အတွက် မီးဖိုချောင်ပြာ (ထင်းပြာ) ကို အပင်ခြေတွင် ဖြူးပေးခြင်းလုပ်လို့ရပါတယ်။ ငှက်ပျောခွံများကို အခြောက်လှန်း၊ အမှုန့်ကြိတ်ပြီး စိုက်ပျိုးမည့် မြေဆီလွှာထဲသို့ တိုက်ရိုက်ထည့်သွင်း ပေးပါ၊ ၎င်းသည် ဆွေးမြည့်သွားသည့်အခါ ပိုတက်စီယမ်ဓာတ်ကို ရေရှည် ထုတ်ပေးပါတယ်။ သစ်ရွက်ခြောက်၊ စွန့်ပစ်ဟင်းသီးဟင်းရွက်များနှင့် နွားချေး၊ ကြက်ချေးတို့ကို စနစ်တကျ အချဉ်ဖောက်ပြုလုပ်ထားသော မြေဆွေးများသည် အပင်အတွက် လိုအပ်သော ပိုတက်စီယမ်အပါအဝင် အာဟာရဓာတ်စုံကို သဘာဝအတိုင်း ဖြည့်ဆည်းပေးပါတယ်။အထက်ပါနည်းလမ်းများကိုအသုံးပြုခြင်းဖြင့်လည်း မိမိတို့၏ စိုက်ခင်းများကို ဓာတုကင်းလွတ်စွာ အာဟာရဖြည့်တင်းပေးနိုင်ပါတယ်။

Phyo Zaw Hein
Phyo Zaw Hein 278 လွန်ခဲ့သော ၂ ပတ် က

@သော်ဇင် ငှက်ပျောသီးကိုအချဥ်ဖောက်ပီးpottessiumဓာတ် ကြွယ်ဝတဲ့အရည် ထုပ်ယူလို့ရတယ်ဆိုတာဟုတ်ပါသလားဆရာ သဘာဝအတိုင်းpottessiumဓာတ်ရအောင်ဘာတေလုပ်သင့်လဲရောပြောပေးပါဦးဆရာ

Phyo Zaw Hein
Phyo Zaw Hein 278 လွန်ခဲ့သော ၂ ပတ် က

ငှက်ပျောသီးကို အချဥ်ဖောက်ပီးpottessiumဓာတ်ကြွယ်ဝတဲ့အရည်ထုပ်လို့ရတယ်ဆိုတာဟုတ်လားဆရာ @သော်ဇင်

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၃ ပတ် က

@Phyo Zaw Hein ကြက်ဥခွံနှင့် ရှာလကာရည်စိမ်ထားသော ကယ်လ်စီယမ်ပျော်ရည် (WCA) ကို အထက်ပါ အချဉ်ဖောက်ရည်များနှင့် ဆေးပုံးတစ်ပုံးထဲ ရောစပ်ဖျန်းပေးနိုင်သော်လည်း ရှာလကာရည်၏ အက်ဆစ်ဓာတ်က အကျိုးပြုပိုးများကို မသေစေရန်အတွက် ကယ်လ်စီယမ်ရည်ကို ရေနှင့် အရင်ဆုံး အချိုးကျကျကျဲအောင် ဖျော်စပ်ပြီးမှသာ ကျန်အချဉ်ဖောက်ရည်များနှင့် ရောစပ်ရပါမယ်။ ဆေးပုံးတစ်ပုံး (ရေ ၂၀ လီတာ) လျှင် ကယ်လ်စီယမ်ပျော်ရည်ကို ၂၀ စီစီ သာ သုံးစွဲရမည်ဖြစ်ပြီး၊ အချဉ်ဖောက်ရည်များအားလုံး စုစုပေါင်းပမာဏသည် ၄၀ မှ ၅၀ စီစီထက် မကျော်လွန်စေရန် အချိုးကျလျှော့ချထည့်သွင်းရပါမယ်။ ယခုလို ရောစပ်လိုက်ခြင်းဖြင့် ငါးအမိုင်နို၏ နိုက်ထရိုဂျင်နှင့် ကြက်ဥခွံ၏ ကယ်လ်စီယမ်တို့ ပေါင်းစပ်သွားကာ အပင်ကို သန်မာပြီး အသီးတင်စေသည့် အကောင်းဆုံး အာဟာရစုံ ရွက်ဖျန်းဆေးတော့ဖြစ်ပါတယ်။ ဆေးတွေအများကြီးရောမှာဆိုတော့ မဖျန်းခင် ဧရိယာအနည်းငယ်တော့ ကြိုတင်စမ်းသပ်ဖျန်းကြည့်ပေးပါဗျ၊မနက်ခင်း၊ညနေခင်းသာဖျန်းပေးပါ၊

Phyo Zaw Hein
Phyo Zaw Hein 278 လွန်ခဲ့သော ၃ ပတ် က

@သော်ဇင် ကြက်ဥခွံကိုအမှုန့်ကျိတ် ဒယ်အိုးနဲ့လှော်ပီး ရှာလကာရည်နဲ့စိမ်ထားတဲ့ claciumပျော်ရည်လဲလုပ်ထားတယ်ဗျ အဲ့ဒါရော တစ်ပုံးထဲရောပီးဖျန်းလို့ရလားဗျ ရှာလကာရည်ပါတော့ အကျိုးပြုပိုးတေသေစေနိုင်မလားလို့

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၃ ပတ် က

@Phyo Zaw Hein ငါးအမိုင်နို (FAA) ၁ လီတာကို ၂ သောင်းကျော် ကုန်ကျခြင်းသည် ရွက်ဖျန်းဆေးပုံး ၂၅ ပုံးမှ ၅၀ ပုံးအထိ (တစ်ပုံးလျှင် ၂၀-၄၀ စီစီနှုန်း) အသုံးပြုနိုင်သဖြင့် ကုန်ကျစရိတ်နှင့် ရလဒ် အလွန်တွက်ခြေကိုက်ပြီး အပင်ကြီးထွားမှုအတွက် ထိရောက်မှု သိသာပါတယ်ဗျ။ အရွက်အချဉ်ဖောက်ရည်၊ အသီးအချဉ်ဖောက်ရည်များနှင့် တစ်ပုံးထဲ ရောစပ်ဖျန်းပေးနိုင်သော်လည်း စုစုပေါင်းဆေးနှုန်းထားကို ၄၀ စီစီထက်မပိုစေဘဲ ခွဲဝေထည့်ရမည်ဖြစ်ပြီး ဓာတုဗေဒဆေးများနှင့် ရောစပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ ရရှိထားသော ငါးအမိုင်နိုစစ်စစ်ကို ထန်းလျက်ရည်သက်သက်ဖြင့် ထပ်မံပွားများပါက အာဟာရဓာတ် ပေါ့ပျက်သွားမည်ဖြစ်သောကြောင့် မပွားဘဲ ဒီအတိုင်းသိမ်းဆည်း၍ သုံးစွဲချိန်မှသာ ရေနှင့်ရောစပ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။

Phyo Zaw Hein
Phyo Zaw Hein 278 လွန်ခဲ့သော ၃ ပတ် က

@သော်ဇင် ငါးအမိုင်နိုလုပ်တာဆရာ ငါးတစ်ပိဿာ ထန်းလျက်တစ်ပိဿာ ရောထည့်ထားတာ အရည်စစ်ယူတော့ ၁လီတာကျော်ကျော်ပဲရတယ်ဆရာ ကုန်ကျစရိတ်က ၂သောင်းကျော်လောက်တော့ရှိတယ် ငါးအမိုင်နိုဖျန်းပေးတာက အကျိုးသက်ရောက်မှုသိသာရဲ့လားဆရာ ကုန်ကျစရိတ်နဲ့ရတဲ့အကျိုးကရော ကာမိရဲ့လားသိချင်ပါတယ်ဗျ ပီးတော့ ငါးအမိုင်နိုဝါးပေါင်းခံရည် အသီးအချဥ်ဖောက်ရည် အရွက်ချဥ်ဖောက်ရည် တို့ကို ပုံးတစ်ပုံးထဲရောထည့်ထားလို့ရလားလဲသိချင်ပါတယ်ဗျ ပီးတော့ တစ်လီတာပဲရတဲ့ငါးအမိုင်နိုကိုလဲ ထန်းလျက်ရည်ထပ်ကျိုပီး ပွားလို့ရလားလဲသိချင်ပါတယ်ဗျ

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၁ လ က

အင်ဇိုင်းအသီးအပွင့်အားဆေးရည်ဖော်စပ်နည်း (Fermented Fruit Juice) ဒီထဲကအတိုင်း ‌လိုက်နာဆောင်ရွက်ပါဗျ

Phyo Zaw Hein
Phyo Zaw Hein 278 လွန်ခဲ့သော ၁ လ က

@သော်ဇင် ဆရာရေ အချဥ်ဖောက်ရည်ပြန်လုပ်ချင်လို့ အကောင်ကျတာက တင်လဲရည် ကျဲတာပြစ်တာနဲ့ဆိုင်လားဗျ ဘာတေမှားနေရင် ခုလို အကောင်တေကျတတ်လဲဗျ ပြန်လဲလုပ်ချင်တယ် ခုလိုအကျိုးမရှိပဲကုန်မှာလဲစိုးရိမ်လို့

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၁ လ က

ဟုတ်ကဲ့၊ သွန်ပစ်မည့်အစားအပင်အနည်းငယ်ကို စမ်းသပ်ဖျန်းကြည့်ပါလားဗျ၊ စမ်းသပ်ဖျန်းပြီးလို့ အပင်ဒုက္ခမပေးရင်တော့သုံးစွဲလို့ရနိုင်ပါတယ် ဘေးကင်းချင်ရင်တော့ စိုက်ခင်းမြေဆီလွှာကိုဖျန်းပေးနိုင်ပါတယ်

Phyo Zaw Hein
Phyo Zaw Hein 278 လွန်ခဲ့သော ၁ လ က

ကျေးဇူးပါဗျ အပုပ်နံ့တော့မထွက်ဖူး ကဇော်နံ့လိုမျိုးခပ်မွေးမွေးလေးဗျာ တင်လဲရည်မရှိလို့ ထန်းလျက်ညို ကြိုပီးလုပ်ရတော့ နှမြောလိုက်တာဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အစိမ်းရောင်မြက်တွေကို ရေနဲ့4ရက်5ရက်လောက်စိမ်ပီးအပင်အတွက်လောင်းရင်အကျိုးရှိနိုင်မလားခင်ဗျာ။ကျေးဇူးပါ

ဖြေကြားချက် 2 ခု

ရွက်စိမ်းမြက်ချဉ်ဖတ်လုပ်နည်းပြေားပြကျပါလားဆရာဆရာမတို့

ဖြေကြားချက် 3 ခု

သီးစုံအချဥ်ဖောက်ရည် (PB) ပြုလုပ်သည့်အခါ ခြံထွက်ပိန္နှဲ သရက်သီးမှည့်ထည့်သွင်းလို့ ရမလားသိလိုပါတယ်။

ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သား...

ဖြေကြားချက် 2 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေ...

ဖြေကြားချက် 4 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။