အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
151
လွန်ခဲ့သော ၃ ရက် က · လယ်ဝေး

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါ...

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၁၀ ရက်
စိုက်ပျိုးနည်း စပါး
Post image

ဖြေကြားချက် ၉ ခု

348,307 လွန်ခဲ့သော ၂ ရက် က

အပင်က နိုက်ထရိုဂျင်အဟာရချို့တဲ့သွားတော့ အနှံထွက်ကမြန်ပါလိမ့်မယ် အခုလုပ်လို့ရမှာကတော့ အနှံထွက်ဖို့၇ရက်လောက်လိုသေးတယ်ဆိုရင်တော့ ပုလဲမြေဩဇာနှင့် ကွန်ပေါင်းမြေဩဇာအနည်းငယ်ဖြင့် ရောစပ်ကျွေးပေးသို့မဟုတ် ရွက်ဖျန်းအားဆေးဖျန်း ပေးရမှာပါခင်ဗျာ

151 လွန်ခဲ့သော ၂ ရက် က

အနှံကဒီရက်ပိုင်းစထွက်လောက်တယ်

151 လွန်ခဲ့သော ၂ ရက် က

ဘာမြေဩဇာကျွေးသင့်လဲဗျ အပင်ရိုင်လဲမှာစိုးရိမ်လို့ပါ

348,307 လွန်ခဲ့သော ၂ ရက် က

ဖျန်းပေးလို့ရပါတယ်၊ မြေဩဇာမကျွေး တော့ဘူးဆိုရင်ပေါ့။ ရွက်ဖျန်းအားဆေးက မြေဩဇာလောက် အဟာရများစွာမရရှိတာကြောင့် နောင်လည်း ဒီလိုအရွက်ဝါလက္ခဏာတွေပြလိမ့်ဦးမယ်ထင်ပါတယ်၊

151 လွန်ခဲ့သော ၂ ရက် က

ရွက်ဖြန်းမြေဩဇာဖြန်းလို့ သင့်တော်လား

348,307 လွန်ခဲ့သော ၃ ရက် က

အခုပုံပါစပါးခင်းကတော့ ပုလဲနိုက်ထရိုဂျင်နှင့် အခြားအဟာရများလည်း ချို့တဲ့နေတာမြင်တွေ့နေရပါတယ်၊ ဓာတ်မြေဩဇာတစ်ကြိမ်လောက်ကျွေးပေးသင့်ပါတယ်။ အနှံထွက်ပြီးနောက်မှကျွေးမယ်ဆိုရင်တော့အလကားဖြစ်သွားမှာပါခင်ဗျာ

348,307 လွန်ခဲ့သော ၃ ရက် က

ဧရာမင်းစပါးသည် အပင်အရပ်ရှည်ပြီး ပင်စည်ပျော့သဖြင့် ယိုင်လဲလွယ်သောကြောင့် အပင်ခြေခိုင်မာစေရန် ဆီလီကာ (Silica) နှင့် ပိုတက်စီယမ် (Potassium) ဓာတ်တို့ကို အချိုးကျကျွေးပေးရပါမယ်။ သမန်းပြင်ချိန် (မြေခံ) တွင် သဘာဝဆီလီကာ ကြွယ်ဝသော ဖွဲပြာ သို့မဟုတ် စျေးကွက်အတွင်းရှိ ဆီလီကွန်မြေဆီလွှာဖြည့်စွက်ပစ္စည်း ကို ထည့်သွင်းပြီး၊ စပါးပင်ပွားချိန်နှင့် မှို့ကပ်ချိန်တို့တွင် ဆီလီကာပါသော အရွက်ဖျန်းဆေးကို တိုက်ရိုက်ဖျန်းပေးရပါမယ်။ ၎င်းအပြင် အပင်ဆစ်များကို မာကျောစေရန် ပိုတက် (MOP) မြေဩဇာကို မြေခံနှင့် မှို့ကပ်ချိန်တွင် နှစ်ကြိမ်ခွဲကျွေး ရမည်ဖြစ်ပြီး၊ အပင်ကို ရှည်ပြီးပျော့သွားစေသည့် ယူရီးယား (ပုလဲ) မြေဩဇာ အလွန်အမင်းကျွေးခြင်းကို မဖြစ်မနေ ရှောင်ကြဉ် ရပါမယ်

151 လွန်ခဲ့သော ၃ ရက် က

အပင်ရိုင်လဲမူသက်သာစေရန် ဘယ်လိုမြေဩဇာကျွေးသင့်လဲ

348,307 လွန်ခဲ့သော ၃ ရက် က

ဧရာမင်းစပါးသည် သက်တမ်း ၁၁၀ ရက်ဆိုပါက အနှံထွက်ရန် ပြင်ဆင်နေသည့် အရေးကြီးအချိန်ဖြစ်ပြီး မြေဩဇာကျွေးထားသည်မှာ တစ်လကျော်ပြီဖြစ်၍ အပင်က အာဟာရဓာတ်အလွန်အသုံးပြုနေရသဖြင့် အောက်ခြေရွက်ရင့်များမှတစ်ဆင့် နိုက်ထရိုဂျင်အာဟာရဓာတ် ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။ပုလဲမြေဩဇာနှင်ကွန်ပေါင်းမြေဩဇာတစ်မျိုးမျိုးရောစပ်ပြီး အမြန်ဆုံးကျွေးပေးပါခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါ...

ဖြေကြားချက် 10 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

ဖြေကြားချက် 2 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သား...

ဖြေကြားချက် 2 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေး...

ဖြေကြားချက် 3 ခု

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။