အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
47
လွန်ခဲ့သော ၃ နာရီ က · မိုးကောင်း

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

မြေဆီလွှာ ပြောင်း

ဖြေကြားချက် ၂ ခု

47 လွန်ခဲ့သော ၁ နာရီ က

ဘယ်မျိုးကိုရွေးချယ်ရမလဲခင်ဗျာ လက်ရှိမှာSuger king နဲ့CPပြောင်းချုစိုက်ဖို့ရွေးချယ်ထားပါတယ် အဆင်ပြေပါ့မလားခင်ဗျာ

347,513 လွန်ခဲ့သော ၂ နာရီ က

အောက်တိုဘာလပိုင်းတွင် ပြောင်းချိုကို စိုက်ပျိုးနိုင်ပါတယ်။ သို့သော် ဤကာလသည် မိုးနှောင်းပိုင်းဖြစ်၍ မြေအစိုဓာတ်ရှိရန် သို့မဟုတ် ရေသွင်းနိုင်ရန် လိုအပ်ပြီး ရေဝပ်ခြင်းမရှိသော ကိုင်းကျွန်းမြေနှင့် မြေနုကျွန်းများတွင် ပိုမိုဖြစ်ထွန်းနိုင်ပါတယ်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ရောက်ရှိလာမည့် ဆောင်းအအေးဒဏ်ကြောင့် အဖူးမအောင်ခြင်းမှ ကာကွယ်ရန် အောက်တိုဘာလဆန်းပိုင်းအတွင်း အမြန်ဆုံး စိုက်ပျိုးရမည်ဖြစ်ပြီး သက်တမ်းတို၍ အအေးဒဏ်ခံနိုင်သော မျိုးများကို ရွေးချယ်သင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။