အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,946
လွန်ခဲ့သော ၂ နာရီ က · ချောက်

ဆရာ အောက်တိုဘာ နိုဝင်ဘာလတွေမှာ မိုးအနည်းငယ်လောက်ရနိုင်သေးလားခင်ဗျ မိုးကုန်သွားပီလားဗျ

စိုက်ပျိုးစီးပွား ပဲတောင့်ရှည်

ဖြေကြားချက် ၁ ခု

350,344 လွန်ခဲ့သော ၃၀ မိနစ် က

အောက်တိုဘာလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လုံးဝဆုတ်ခွာသွားမည်ဖြစ်သော်လည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်များ ဖြစ်ပေါ်နိုင်သည့်အရှိန်ကြောင့် အောက်တိုဘာလလယ်အထိ မိုးသက်လေပြင်းများနှင့် ဒေသအလိုက် မိုးရွာသွန်းမှုများ (၈ ရက်မှ ၁၃ ရက်ခန့်အထိ) ဆက်လက်ရှိ နေနိုင်ပါဦးမယ်။ နိုဝင်ဘာလတွင် ဆောင်းရာသီသို့ ကူးပြောင်းပြီဖြစ်၍ တစ်နိုင်ငံလုံး ခြောက်သွေ့လာမည်ဖြစ်သော်လည်း လအစောပိုင်းတွင် အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ခြေ ရှိပါသေးတယ်။မိုးလေဝသ၏ရေရှည်ခန့်မှန်းချက်များဖြစ်တာကြောင့် အချိန်နှင့်အမျှတော့အမြဲပြောင်းလဲနေလေ့ရှိပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။