အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်
ပုံပါ ခရမ်းချဉ်ရွက်များ ကြေးညိုရောင်ပြောင်းကာ ကြွပ်ဆတ်ခြောက်သွေ့နေခြင်းသည် ဖော့စဖရပ် (တီစူပါ) ဓာတ်ချို့တဲ့ခြင်းထက် သာမန်မျက်စိဖြင့် မမြင်နိုင်သော ခရမ်းချဉ် မွှားပင့်ကူ (Tomato Russet Mite) သို့မဟုတ် စုပ်စားပိုးများ ကျရောက်သည့် လက္ခဏာနှင့် ပိုမိုကိုက်ညီနေပါတယ်။ ဖော့စဖရပ်ချို့တဲ့ပါက အရွက်အောက်မျက်နှာပြင်တွင် ခရမ်းရောင် သန်းလေ့ရှိသော်လည်း ယခုအခြေအနေမှာ မွှားဖျက်ဆီးမှုကြောင့် အရွက်များ အရောင်ပြောင်းကာ လိပ်ခေါက်ခြောက်သွေ့သွားခြင်း ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် တိကျသေချာစေရန် အရွက်အောက်မျက်နှာပြင်နှင့် ပင်စည်များကို အနည်းဆုံး အဆ ၄၀ ချဲ့နိုင်သော မှန်ဘီလူးဖြင့် စုပ်စားပိုးနှင့် ပင့်ကူမွှားများ ရှိ၊ မရှိ မဖြစ်မနေ အရင်ဆုံး စစ်ဆေးကြည့်ပါ။ မွှားရှိပါက Abamectin အသုံးပြုလေ့ရှိပါတယ်။ စုပ်စားပိုးနှင့် မွှားပင့်ကူမရှိပါက Phosphorus (P)ပါသောရွက်ဖျန်းအားဆေးဖျန်းပေးပါခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်သီးစိုက်ပျိုးဖိုးသဲများတဲမြေမှာအဆင်ပြေပါသလား
ဖြေကြားချက် 2 ခု
ခရမ်းချဥ်သီးပင် မိုးကြီးရွာပြီး အောက်လက်တွေဝါသွားတယ်၊ရွက်သစ်တွေစိမ်းစိုတယ်၊အသီးပွင့်လိုက်စပြုနေပါပြီ ဘယ်လိုဆေး...
ဖြေကြားချက် 1 ခု
အပင်အာဟာရကြောင့်လားပိုး။ မှိုရောဂါကြောင့်လားခင်ဗျ ပိုးဆေးက လက်ရှိ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အာဘာမက်တင်...
ဖြေကြားချက် 2 ခု
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ဖြေကြားချက် 1 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500...
ဖြေကြားချက် 5 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။