အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Khaing Zin Thet
လွန်ခဲ့သော ၄ ရက် က · ပုဇွန်တောင်

ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 362,530 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

ရန်ကုန်နှင့် အနီးတဝိုက်တွင် ချယ်ရီခရမ်းချဉ်သီးကို ရှမ်းပြည်နယ်ကဲ့သို့ စီးပွားဖြစ် ကွင်းပြင်ကျယ် အကြီးအကျယ် စိုက်ပျိုးခြင်း နည်းပါးသော်လည်း၊ ဆောင်းရာသီ ရာသီအလိုက် စိုက်ပျိုးခြင်း၊ နည်းပညာသုံး ဖန်လုံအိမ် (Greenhouse/Hydroponics) စနစ်များဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးခြင်းနှင့် အိမ်တွင်း တနိုင်တပိုင် Urban Gardening စနစ်များဖြင့် အောင်မြင်စွာ စိုက်ပျိုးလျက်ရှိကြတယ်။ ရန်ကုန်၏ မိုးဒဏ်နှင့် အပူဒဏ်ကို ထိန်းချုပ်ရန် ဖန်လုံအိမ်စနစ်သည် အကောင်းဆုံးဖြစ်ပြီး၊ သာမန်မြေပြင် စိုက်ခင်းများအတွက်မူ ရာသီဥတု အေးမြခြောက်သွေ့သော အောက်တိုဘာမှ ဖေဖော်ဝါရီလအတွင်း ဆောင်းသီးနှံအဖြစ် အဓိက စိုက်ပျိုးကြတယ်။အရင်ကမှော်ဘီ၊ လှည်းကူးနှင့် သန်လျင်ဘက်တွင် နည်းပညာသုံး စနစ်ဖြင့် တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။