ဖြေကြားချက် ၁ ခု
မတ်ပဲ (TBL-9) သည် ပဲတီစိမ်း (ဝါးခယ်မမျိုး) ထက် ရေငတ်ဒဏ်နှင့် မြေဆီလွှာအစိုဓာတ် ခမ်းခြောက်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။ မတ်ပဲသည် အမြစ်စနစ် နက်ရှိုင်းစွာ ဆင်းနိုင်ပြီး မြေအောက်လွှာ အစိုဓာတ်ကို ကောင်းစွာ စုပ်ယူနိုင်သည့်အပြင် TBL-9 မျိုးသည် သက်တမ်းတို (၇၅-၈၅ ရက်) မျိုးဖြစ်၍ ရေငတ်ဒဏ်ကို ပိုမိုကျော်လွှာနိုင်ပါတယ်။ ပဲတီစိမ်း (ဝါးခယ်မမျိုး) ကတော့ ပန်းပွင့် သီးတောင့်တင်ချိန်တွင် မြေအစိုဓာတ် လုံးဝမပြတ်ရန် လိုအပ်ပြီး ရာသီဥတုပူပြင်း၍ ရေငတ်ပါက အထွက်နှုန်း သိသိသာသာ ကျဆင်းတတ်သဖြင့် ရေနောက်ကျမှစိုက်ရမည့် ရာသီဥတုမျိုးတွင် မတ်ပဲ TBL-9 က ပိုမိုစိတ်ချရပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းစိုက်ခါနီး ကောက်ရိုးကို မီးရှို့သင့်လား မသင့်ဘူးလား
ဖြေကြားချက် 2 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
ဖြေကြားချက် 1 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
ဖြေကြားချက် 2 ခု
ပဲတီစိမ်းပင်တွေအမြစ်ဆွေးပြီးငြိုးသေကုန်တာမဖြစ်ရအောင် မြေဆီလွှာကိုဘယ်လိုပြုပြင်ရမလဲ ကျွန်တော့်လယ်တွေမှာဖြစ်နေ...
ဖြေကြားချက် 4 ခု
အမိုင်နိုအက်စစ်ကိုပဲတီစိမ်းမစိုက်ခင်မြေကြီးမှာဖျန်းရင် ဘာအကျိုးကျေးဇူးရနိုင်ဗျ
ဖြေကြားချက် 2 ခု