အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
latdan aung
latdan aung 101
လွန်ခဲ့သော ၁ နာရီ က · မန်စီ

ရည်ပွေပေါက်ပြီးဘယ်နာရီခြားမှာ မွေးမာလဲ။ ဆွေးနွေးပေးပါ..ဆရာတို့

မျိုးပွားခြင်း ဝက်
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 356,276 လွန်ခဲ့သော ၁ နာရီ က

ဝက်မကြီးတစ်ကောင်တွင် ရေမြွာရည် (အရည်ကြည်) ဆင်းပြီးပါက ပုံမှန်အားဖြင့် ၁ နာရီမှ ၂ နာရီအတွင်း ပထမဆုံး ဝက်ကလေးကို စတင်မွေးဖွားလေ့ရှိပါတယ်။ ရေမြွာရည်ဆင်းပြီးနောက် သွေးစပ်ဖျန်းဖျန်းအရည်များ ထပ်မံဆင်းလာခြင်း၊ အမစပ်ဖောင်းကြွနီရဲလာခြင်း၊ နို့သီးခေါင်းမှ နို့ရည်ကြည်ထွက်ခြင်းနှင့် ဝက်မကြီး ဂနာမငြိမ်ဖြစ်ခြင်းတို့သည် မိနစ်ပိုင်းအတွင်း မွေးဖွားတော့မည့် လက္ခဏာများ ဖြစ်ကြပါတယ်။ သို့သော် ရေမြွာရည်ဆင်းပြီး ၂ နာရီကျော်သည်အထိ (သို့မဟုတ် ဗိုက်ညှစ်နေသော်လည်း) ဝက်ကလေး မကျလာပါက သို့မဟုတ် အမစပ်မှ အစိမ်းရောင်အဖတ်များ ထွက်လာပါက မွေးရခက်ခဲနေခြင်း ဖြစ်နိုင်သဖြင့် သားအိမ်လမ်းကြောင်းကို စမ်းသပ်ရန် သို့မဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန်ကို အမြန်ဆုံး ဆက်သွယ်ရန် ပြင်ဆင်ထားရပါမယ်။ ဝက်ကလေးတစ်ကောင်နှင့်တစ်ကောင်ကြား မွေးဖွားချိန်သည်လည်း ပုံမှန်အားဖြင့် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်သာ ခြားသင့်ပြီး ၁ နာရီထက် ကျော်လွန်ပါက ပိတ်နေနိုင်သဖြင့် အနီးကပ် စောင့်ကြည့်ရပါမယ်။ ကျွန်တော်သိသလောက်ဝင်ရောက်ဆွေးနွေးပေးခြင်းပါ၊ မိမိမှာအတွေ့အကြုံမရှိပါကတိရစ္ဆာန်ဆေးကုဆရာဝန်ကိုရှာဖွေထားတာအကောင်းဆုံးပါခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။