အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
bominthu
bominthu 10,049
လွန်ခဲ့သော ၁ နာရီ က · မအူပင်

ဂန္ဓမာ စူပါကျောက်စိမ်းမျိုးက တန်ဆောင်မုန်း နတ်တော်လမှာစပြီးစိုက်ရမှာလာ သို့ အဲဒီလမတိုင်မှီစိုက်ပျိုးရမှာလာ ပန်းသက်တမ်း ဘယ်လောက်ရှိလဲ မီးမထွန်းပဲစိုက်ချင်လိုပါ မီးထွန်းပီးစိုက်တာက သူ့ရာသီချိန်းမဟုတ်တဲ့အတွက် မီးထွန်းပေးရတာလာ တစ်နှစ်ပတ်လုံးစိုက်လို့ရပါသလာ ပြန်လည်ဖြေကြားပေးပါဉီးခင်ဗျာ🙏

စိုက်ပျိုးနည်း ဂန္ဓမာ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 358,857 လွန်ခဲ့သော ၁၅ မိနစ် က

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်

bominthu
bominthu 10,049 လွန်ခဲ့သော ၃၂ မိနစ် က

ဟုတ်ကဲ့ပါ ခင်ဗျာ

သော်ဇင်
သော်ဇင် 358,857 လွန်ခဲ့သော ၃၅ မိနစ် က

ဂန္ဓမာ စူပါကျောက်စိမ်းမျိုးသည် စိုက်ပျိုးချိန်မှ ပန်းဖြတ်ချိန်အထိ ရက်ပေါင်း ၉၀ မှ ၁၀၅ ရက် (၃ လမှ ၃ လခွဲ) ဝန်းကျင် ကြာမြင့်သဖြင့် တန်ဆောင်မုန်းနှင့် နတ်တော်လစျေးကွက် အမှီပန်းဖြတ်လိုပါက ဝါခေါင်လ သို့မဟုတ် တော်သလင်းလကတည်းက ကြိုတင်စိုက်ပျိုးရပါမယ်။ ဂန္ဓမာအပင်သည် နေ့တာတိုလျှင် ပန်းပွင့်တတ်သော သဘာဝရှိရာ မီးမထွန်းဘဲစိုက်ပါက အပင်မကြီးထွားမီ စောစီးစွာ ပန်းပွင့်သွားပြီး ရိုးတံတိုကာ အပွင့်သေးသွားတတ်ပါတယ်။ ထို့ကြောင့် အပင်ပိုင်းကြီးထွားမှု ကောင်းမွန်ပြီး စျေးကွက်ဝင် ရိုးတံရှည်ရှည်ရရှိစေရန် စိုက်ပြီးပထမတစ်လခွဲခန့် ညဘက်မီးထွန်းပေးရခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ မီးထွန်းစနစ်နှင့် အမှောင်ချစနစ်များကို စနစ်တကျအသုံးပြုပါက ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

အပင်အားဆေးလောင်တာမျိုးက ပြန်ဖြေလို့ရလားဗျ တကယ်လို့ပြန်ဖြေလို့ရရင် ဆေးလေးညွန်းပေးပါအုံး

ဖြေကြားချက် 3 ခု

ဂန္ဓမာအောက်ရွက်ကျအရမပ်နဲနဲပုအဖူးကပ်ချင်နေပြီအောက်ခြေအရွက်ထွက်နိုင်ျသးလားအရပ်ရှည်အောင်ဘယ်လို့လုပ်ရ

ဖြေကြားချက် 1 ခု

ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့

ဖြေကြားချက် 3 ခု

ဆရာများခဗျာ ဂန္ဓမာစူပါကျောက်စိမ်ကို များသောအားဖြင့်မီးထွန်းပြီးစိုက်ကြပါတယ် မီးမထွန်းဘဲစိုက်လို့ရပါသလာ မီး...

ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။