မင်္ဂလာပါခမျာ မြိုင်မြို့နယ်ကပါဗျ။ ပီးခဲ့တဲ့ စက်တင်ဘာ 13 ရက်နေ့ကစိုက်ထားတာပါဗျ။ပုလဲဓာတ်မြေဩဇာတကြိမ်တော့ပတ်ထားပါတယ်။ နှမ်း အပွင့်၊အသီးတင်ပီး အထွက်တိုးအောင် ဘယ်ချိန်မှာ ဘာဆေးေလးတွေ ပတ်ဖြန်းပေးရမလည်းဆိုတာသိချင်ပါတယ်ဗျ။
ပုလဲကျွေးထားတာက သုံးရက်လောက်ရှိအုန်းမယ်ဗျ။ဘိုရွန်ဓာတ်ပါတဲ့အားဆေးနဲ့က ပိုးသတ်ဆေးရောရောပတ်ပေးဂမှာလားခမျ။
စက်တင်ဘာ ၁၃ ရက်နေ့တွင် စိုက်ပျိုးထားသော နှမ်းခင်းသည် လက်ရှိတွင် အပင်သက်တမ်း ၂၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ နှမ်းပင် သက်တမ်း ၃၀ ကျော်၍ အပွင့်စပွင့်ချိန်တွင် အပွင့်ကြွေခြင်းမှ ကာကွယ်ရန်နှင့် အသီးတင်နှုန်း ကောင်းမွန်စေရန်အတွက် ဘိုရွန် (Boron) ဓာတ် ပါဝင်သည့် အနည်းလိုအဟာရ အားဆေး နှင့် အပွင့်အားပေး ဟော်မုန်းရွက်ဖျန်းဆေးများ (NAA သို့မဟုတ် အမိုင်နိုအက်ဆစ်)နှင့် တွဲဖက်၍ ၁ ပတ်လျှင် ၁ ကြိမ် ပက်ဖျန်းပေးရပါမယ်။ ထို့နောက် သက်တမ်း ၄၅ ရက်ဝန်းကျင် အသီးကင်းဝင်ပြီး အစေ့အဆန် တည်ချိန်တွင် အစေ့အဆန် ပြည့်ဝပြီး ဆီထွက်နှုန်း တိုးတက်စေရန် ပိုတက်စီယမ် မြင့်မားသော ရွက်ဖျန်းမြေသြဇာ (ဥပမာ - 0-52-34) ကို ပြောင်းလဲဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင် ရွက်လိပ်ပိုးနှင့် သီးထိုးပိုးများ မကျရောက်စေရန် ပင်လုံးပျံ့ပိုးသတ်ဆေး ကြိုတင်ထည့်သွင်း ဖျန်းပေးသင့်ပြီး အပင်ဆေးစုပ်ယူမှု အားကောင်းစေရန် နံနက်စောစော သို့မဟုတ် ညနေစောင်းအချိန်များတွင်သာ ဖျန်းပေးရန် လိုအပ်ပါတယ်။ ပိုး၊ရောဂါကျရောက်မှုရှိမရှိအမြဲစစ်ဆေးပါ။
ဆက်စပ်မေးခွန်းများ
နှမ်းပင်ပေါက်လေးတွေပါ ပိုးတွေကျနေလို့ပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးကောင်လဲ ဘယ်လိုအကေါင်က ပေါက်တာလဲ
ဖြေကြားချက် 1 ခု
နှမ်းပင်းပေါက်လေတွေပါ ပုံထဲကလို့ ပိုးလေးတွေကျနေလိုပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးအမျိုးအစားလဲ ဘယ်လိုအကောင်က...
ဖြေကြားချက် 1 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေး...
ဖြေကြားချက် 1 ခု
နှမ်းခင်းအတွက် ဘယ်ဆေးတွေသုံးသင့်လည်း
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။