အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Yan
U Yan 10,355
လွန်ခဲ့သော ၅၉ မိနစ် က · ချောက်

ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ

စိုက်ပျိုးစီးပွား ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 361,643 လွန်ခဲ့သော ၃၆ မိနစ် က

ခရမ်းချဉ်ပင်များတွင် လက်ရှိအပွင့်များမှ နောက်တစ်သုတ် အသီးကောင်းကောင်း တင်လာစေရန်အတွက် အဓိကအားဖြင့် အာဟာရဓာတ် လုံလောက်စွာ ဖြည့်တင်းပေးရန်နှင့် အပင်ပြုစုမှုကို ဂရုစိုက်ရန် လိုအပ်ပါတယ်။ အပင်က အသီးပထမတစ်သုတ်ကို ထိန်းထားရသလို အပွင့်အသစ်များလည်း ပွင့်နေရသဖြင့် အစာလုသည့်အချိန်ဖြစ်သောကြောင့် အပွင့်မကြွေဘဲ အသီးတင်စေရန် ကယ်လ်ဆီယမ်-ဘိုရွန် (Calcium-Boron) ဖျန်းဆေးနှင့် အပွင့်အသီးအားကောင်းစေသော ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ် ပါဝင်သည့် မြေဩဇာများကို ကျွေးပေးဖျန်း ပေးရပါမယ်။ ရေကိုလည်း ပြတ်လပ်မှုမရှိစေဘဲ မြေစိုစွတ်ရုံ မှန်မှန်ပေးသွင်းကာ အပွင့်ဖျက်ဆီးမည့် လှေးပိုး၊ ဖျက်ပိုးများနှင့် မှိုရောဂါများကျရောက်မှုရှိမရှိ အမြဲစစ်ဆေးပေးပါခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဆရာရေ မူလEMကိုဂတ်တက်လို့သိုထားဖို့ ရေစိမ်ထားလို့ရလားဗျ

ဖြေကြားချက် 1 ခု

ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်...

ဖြေကြားချက် 2 ခု

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl...

ဖြေကြားချက် 2 ခု

ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်...

ဖြေကြားချက် 10 ခု

မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီး‌ကြွေနေလို့ပါ

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။