အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှိုင်းထက်အောင်
လွန်ခဲ့သော ၁ နာရီ က · ရပ်စောက်

တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,118,120 လွန်ခဲ့သော ၃၀ မိနစ် က

အရင်က ဘာဆေးတွေဖျန်းပါသလဲ။ ဇိုးအုပ်စုတွေ ခဏ နားထားပါ။ကော့ပါးနဲ့ bismerthiazol ဖျန်းပါ။အောက်က အစာကို ပုံမှန်ကျွေးပါ၊(ဓာတ်မြေဩဇာ+k humicရောကျွေးပါ) ၅က်ခြားပြီး(ပရိုပီးနပ်+ဆိုင်မောက်ဇနေး)ဖျန်းပါ။၅ရက်စောင့်ကြည့်ပါ။

သော်ဇင်
သော်ဇင် 362,520 လွန်ခဲ့သော ၅၉ မိနစ် က

ခရမ်းချဉ် ဘက်တီးရီးယား အစက်အပြောက် ရောဂါ (Bacterial Speck and Spot) ကျတာပါ၊ ဒီရောဂါအတွက် စိုက်ခင်းအတွင်း ဓာတုဆေးဖြင့် ကုသရာတွင် ကော့ပါးအခြေခံဆေး (Copper Oxychloride, Copper hydroxide) , Oxolinic acid, Kasugamycin, Bismerthiazole တစ်မျိုးမျိုးကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးများကို ၅ ရက်မှ ၇ ရက်တစ်ကြိမ် စနစ်တကျ ဖျန်းပေးရပါမယ်။ ရောဂါထပ်မံ မပြန့်ပွားစေရန် အပင်များ စိုစွတ်နေချိန်တွင် ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ပြီး ရောဂါရအရွက်များကို ဆွတ်ခူးကာ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီးရပါမယ်။ ရေပေးဝေရာတွင်လည်း အပင်ပေါ်မှ ရေပက်ဖျန်းခြင်းထက် အပင်ခြေမှ ရေသွင်းခြင်း ကို အသုံးပြုခြင်းက ပိုမိုထိရောက်ပါတယ်။ နောင်ရာသီအတွက် ကြိုတင်ကာကွယ်ရန် ရောဂါကင်းစင်ကြောင်း စိတ်ချရသော အသိအမှတ်ပြု ပျိုးပင်/မျိုးစေ့များကိုသာ အသုံးပြုပါ။အဆိုပါစိုက်ခင်းမြေနေရာတွင် ခရမ်းချဉ်၊ ငရုတ် ကဲ့သို့သော Solanaceae မျိုးရင်းဝင် အပင်များကို ဆက်တိုက်မစိုက်ပျိုးဘဲ ပြောင်းဖူး၊ ပဲမျိုးစုံ သို့မဟုတ် ဂေါ်ဖီထုပ် တို့နှင့် ၂ နှစ်မှ ၃ နှစ်ခန့် သီးလှည့်စိုက်ပျိုးပေးပါ။

You

ဆက်စပ်မေးခွန်းများ

ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂ...

ဖြေကြားချက် 3 ခု

ဆရာရေ မူလEMကိုဂတ်တက်လို့သိုထားဖို့ ရေစိမ်ထားလို့ရလားဗျ

ဖြေကြားချက် 1 ခု

ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်...

ဖြေကြားချက် 2 ခု

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl...

ဖြေကြားချက် 2 ခု

ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်...

ဖြေကြားချက် 10 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။