အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်ထွေး
လွန်ခဲ့သော ၅ နာရီ က · ကျုံပျော်

ဒီစပါး ၃ မျိုးက ဘာ ဖြစ်တာလဲ ရောဂါးကြောင့်လား ပိုးလား ဘယ်တီးရီးယားကြောင့်လား 1 စပါးက စပါးမိုးသီး လား 2က အဖျစ် များပြီး မဲကပ် လိုက်တယ် ဘာကြောင့်လဲ 3က အရွက်ထိပ်ဖျား‌‌ခြောက်ပြီး ထွက်လားတဲ့စပါး မဲကပ်များပြီး အဖျစ်များပါတယ် သိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၀၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး အရွက်
စိုက်ပျိုး ရေ စပါး
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 363,751 လွန်ခဲ့သော ၁ နာရီ က

စပါးနှံပုံ (၃) မျိုးကို စိစစ်ရာတွင် ရောဂါလက္ခဏာများ ကွဲပြားနေသည်ကို တွေ့ရပါတယ်။ ပုံ ၁ ရှိ စပါးနှံမှာ Ustilaginoidea virens မှိုကြောင့်ဖြစ်သော စပါးမှိုသီးရောဂါ (False Smut) ကျရောက်နေပြီး စပါးပန်းပွင့်ချိန် စိုထိုင်းဆများခြင်းကြောင့် အစေ့များတွင် ဝါစိမ်းရောင်မှိုဖုကြီးများ ဖြစ်ပေါ်နေခြင်းဖြစ်တယ်။ ပုံ ၂ ရှိ စပါးနှံမှာမူ Burkholderia glumae ဟုခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်သည့် ဘက်တီးရီးယား စပါးနှံခြောက်ရောဂါ (Bacterial Panicle Blight) ဖြစ်ပွားနေပြီး စပါးပွင့်ချိန် ရာသီဥတုအလွန်ပူပြင်းခြင်းကြောင့် စပါးနှံများ ထောင်မတ်ကာ အဖျင်းအမှော်များပြီး နောက်ပိုင်းတွင် မှိုဆိုးများစွဲကာ အစေ့များ မည်းညစ်သွားခြင်းဖြစ်တယ်။ ပုံ ၃ ရှိ အရွက်မှာမူ Microdochium oryzae မှိုကြောင့်ဖြစ်သော စပါးရွက် ခြောက်ရောဂါ (Leaf Scald of Rice) ဖြစ်ပြီး အရွက်ထိပ်ဖျားမှ လှိုင်းတွန့်ပုံစံ ခြောက်လာကာ စပါးနှံကိုပါ ကူးစက်သဖြင့် အစေ့များ နီညိုရောင်/အမဲရောင်ပြောင်းပြီး အဖျင်းကပ်သွားခြင်း ဖြစ်ပါတယ်။ ရောဂါရစပါးခင်းမှ မျိုးစေ့မယူရပါဘူး။ စိုက်ပျိုးခြင်းမပြုမီ စနစ်တကျ မျိုးစေ့လူးနယ်ပက်ခြင်း (သို့မဟုတ်) မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာကို အလွန်အကျွံ မကျွေးရပါ။ ပိုတက်ရှ်မြေသြဇာနှင့် သွပ်ဓာတ် (Zinc) ကို လုံလောက်စွာ ထည့်သွင်းပေးခြင်းဖြင့် ရောဂါဒဏ်ခံနိုင်ရည် တိုးတက်စေပါတယ်။ စပါးမှိုသီးရောဂါနှင့် စပါးရွက် ခြောက်ရောဂါ (Leaf Scald of Rice)ကာကွယ်ရန် စပါးဖုံးလုံးချိန် (စပါးနှံမထွက်မီ အချိန်) နှင့် စပါး ၅ ရာခိုင်နှုန်းခန့် ပန်းပွင့်စအချိန်တို့တွင် ပင်လုံးပျံ့မှိုသတ်ဆေး (ဥပမာ - Tebuconazole + Trifloxystrobin, Difenoconazole + Propiconazole) နှင့် Azoxystrobin + Difenoconazole တို့ကို ကြိုတင်ကာကွယ်သောအားဖြင့် ပက်ဖျန်းပေးသင့်ပါတယ်။ပုံ ၂ ရှိ ဘက်တီးရီးယားကြောင့်ဖြစ်သည့် ဘက်တီးရီးယား စပါးနှံခြောက်ရောဂါ (Bacterial Panicle Blight)အတွက် ဘက်တီးရီးယားသတ်ဆေး (ဥပမာ - Copper Hydroxide, Copper Oxychloride, Oxolinic acid ,Bismerthiazole သို့မဟုတ် Kasugamycin)ဆေးတမျိုးမျိုးကိုဖျန်းပေးပါ။ ရောဂါတွေခွဲခြားရာတွင် အထောက်ကူပြုနိုင်ရန်အတွက်ရောဂါကျစပါးပင်၏ ရွက်ဖုံးနှင့်ပင်စည်မှာ ရေစိုနာကွက်များရှိမရှိ စစ်ဆေးကြည့်နိုင်မယ်ဆိုပိုတိကျနိုင်ပါမယ်ခင်ဗျာ။

Ye Yint Aung
Ye Yint Aung 439 လွန်ခဲ့သော ၅ နာရီ က

ပုံပါဓာတ်ပုံများအရ ရောဂါလက္ခဏာများကို ခွဲခြားသတ်မှတ်ရလျှင် အဓိကအားဖြင့် အောက်ပါရောဂါများ ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပါသည်။ ၁။ **စပါးစေ့ညိုညစ်ခြင်း (Dirty Panicle Disease):** ပုံပါ စပါးစေ့များ အရောင်ပြောင်းပြီး မည်းနေခြင်းမှာ မှိုမျိုးစိတ်ပေါင်းစုံ (ဥပမာ- *Bipolaris oryzae*, Curvularia spp.) ပေါင်းစပ်၍ ဖြစ်ပေါ်သော "စပါးစေ့ညိုညစ်ခြင်း" ရောဂါ ဖြစ်ပါသည်။ ဤရောဂါသည် စပါးအနှံထွက်ချိန်တွင် စိုထိုင်းဆများခြင်းကြောင့် အများဆုံး ဖြစ်ပွားလေ့ရှိသည်။ ၂။ **စပါးအနှံဖျားဖြူခြင်း / အနှံမအောင်ခြင်း (Rice Blast - Neck Blast & Panicle Blast):** အနှံထွက်စတွင် အနှံဖျားပိုင်း၌ ဖြစ်ပွားလေ့ရှိသော **"လည်ပင်းပုပ်ရောဂါ" (Neck Blast)** ကြောင့်လည်း အနှံများ မသန်မာဘဲ အစေ့မအောင်ခြင်း၊ အနှံဖျားပိုင်း ပျက်စီးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ၃။ **အစေ့မအောင်ခြင်း (Sterility):** ပုံတွင်တွေ့ရသည့် အလျံများပြီး စေ့မအောင်ခြင်းသည် ရောဂါတစ်ခုတည်းကြောင့်တင်မဟုတ်ဘဲ **"ပင်စည်ဖောက်ပိုး" (Stem Borer)** ကြောင့် အနှံထွက်ချိန်တွင် ပင်စည်ကို ဖျက်ဆီးခံရသည့်အတွက် အနှံများ အဖြူရောင်သန်းပြီး အစေ့မအောင်ခြင်း ဖြစ်နိုင်ပါသည်။ **အတိအကျပြောရလျှင်:** * စပါးစေ့ အရောင်ပြောင်းခြင်းသည် **စပါးစေ့ညိုညစ်ခြင်း (Dirty Panicle)** ဖြစ်သည်။ * အနှံဖျား ပျက်စီးခြင်းနှင့် အစေ့မအောင်ခြင်းသည် **လည်ပင်းပုပ်ရောဂါ (Neck Blast)** သို့မဟုတ် **ပင်စည်ဖောက်ပိုး (Stem Borer)** ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ စိုက်ပျိုးရေးဌာနမှ ကျွမ်းကျင်သူများကမူ ဤကဲ့သို့သော လက္ခဏာစုများကို **"စပါးအနှံရောဂါများ"** ဟု ယေဘုယျခေါ်ဆိုပြီး အဓိကအားဖြင့် မှိုရောဂါနှင့် ပိုးဖျက်ဆီးမှု ပေါင်းစပ်ဖြစ်ပွားခြင်းဟု သတ်မှတ်လေ့ရှိပါသည်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။