အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
aungsoe
aungsoe 154
လွန်ခဲ့သော ၈ နာရီ က · ဝမ်းတွင်း

(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေး‌ေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ

ပိုးမွှားရောဂါ ကြက်သွန်နီ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 368,067 လွန်ခဲ့သော ၇ နာရီ က

အသက် ၂ လဆယ်ရက်သား ကြက်သွန်နီစိုက်ခင်းရှိ ငမြှောင်တောင်ပိုးကိုနှိမ်နင်းရန် Profenofos 50% EC ဆေးကို အသုံးပြုနိုင်ပါတယ်။ သို့သော် ဤဆေးသည် အပူဓာတ်ပြင်းသဖြင့် စိုက်ခင်းအရွက်များ လောင်ကျွမ်းခြင်းမရှိစေရန်အတွက် ဆေးနှုန်းထားကို ဘူးပါလမ်းညွှန်ချက်အတိုင်း တိကျစွာသုံးစွဲရပါမယ်။ နေပူပြင်းချိန်များတွင် ဖျန်းခြင်းကို လုံးဝရှောင်ကြဉ်ပြီး မြေစိုဓာတ်ရှိနေသည့် မနက်စောစော သို့မဟုတ် ညနေစောင်း အချိန်များတွင်သာ ပက်ဖြန်းရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။