စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
စပါးအညှောက်ကျဲခင်း သက်တမ်း (၁၀) ရက်သားသည် ပေါင်းမြက်များ စတင်ပေါက်ရောက်ပြီး စပါးပင်လည်း နုနယ်သေးသည့် အချိန်ဖြစ်သဖြင့် စပါးပင်မနာစေမည့် ပေါင်းသတ်ဆေးကို စနစ်တကျ ရွေးချယ်ရပါမယ်။ ဤသက်တမ်းတွင် မြက်မျိုးစုံနှင့် ရွက်ပြန့်ပေါင်းများကို ထိရောက်စွာနှိမ်နင်းနိုင်ပြီး စပါးပင်ကို ထိခိုက်မှုနည်းသော Bispyribac-sodium + Bensulfruon methyl ကဲ့သို့ ရွေးချယ်သတ်ဆေးများကို အသုံးပြုနိုင်ပါတယ်။ ဆေးမဖျန်းမီ စပါးခင်းရှိရေကို ကုန်အောင်စစ်ထုတ်ရမည်ဖြစ်ပြီး၊ ဆေးဖျန်းပြီး (၂-၃) ရက်တွင် ရေပြန်သွင်းကာ ပေါင်းပင်များ ပြန်မကြွလာစေရန် ရေကို ထိန်းထားပေးရပါမယ််။ မိမိဝယ်ယူသည့် ဆေးဗူးပါ ညွှန်ကြားချက်အတိုင်း နှုန်းထားတိကျစွာ ဖျန်းပေးရန် အရေးကြီးပါတယ်။
ဆက်စပ်မေးခွန်းများ
ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း
ဖြေကြားချက် 3 ခု
မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ
ဖြေကြားချက် 1 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
ဖြေကြားချက် 2 ခု
10. လပိုင်း 15. 16. မျိုးချချင်လို့။ မိုးလေဝသနဲ့။ ပျိုးရက်ကောင်းလားဆရာ။ ဖြေပေးပါအုန်း။ ကျေးဇူးပြုပီး
ဖြေကြားချက် 7 ခု
စပါးနှံစုတ်ပိုးအတွတ်ဘာဆေးသုံးသင့်လဲဗျ ကျနော်တို့ရွာနားကပတ်ဝန်းကျင်ရွာတွေမှာနှံစုတ်ပိုးသောင်းကျန်းနေလို့ ဘယ်လို...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။