ဖြေကြားချက် ၂ ခု
ရေပြတ်ပြီး ညှိုးနေသော ခရမ်းချဉ်စိုက်ခင်းသည် မိုးရေဝဝလင်လင် ရရှိလိုက်သဖြင့် တောင်သူအတွက် အလွန်ဝမ်းသာစရာ သတင်းဖြစ်ပါတယ်။ သို့သော်လည်း စိုက်ပျိုးရေးပညာအရ ရေပြတ်လွတ်ပြီးမှ မိုးရုတ်တရက် သည်းထန်စွာရွာပါက အပင်က ရေကို အလွန်အမင်း စုပ်ယူသဖြင့် အသီးများ ကွဲထွက်ကုန်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။ အသီးခွံခိုင်မာပြီး ရောဂါဒဏ်ခံနိုင်ရန် ကယ်လ်ဆီယမ်-ဘိုရွန် (Calcium-Boron) ဆေး ကြိုတင်ပက်ဖျန်းပေးရန် အရေးကြီးပါတယ်။ရောဂါကျမကျအမြဲစောင့်ကြည့်ပါ၊ အပင် ခြေရေဝပ်သည်အထိမိုးရွာခဲ့မယ်ဆိုရင်တော့ မြောင်းဖော်ပေးရန်လည်းလိုအပ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့...
ဖြေကြားချက် 2 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြော...
ဖြေကြားချက် 3 ခု
ဆရာခင်ဗျ ဒီလိုအရွက်ပြောက်လေးတွေဖြစ်လာလို့ဘယ်ဆေးတွေအထိရောက်ဆုံးဖြစ်မလည်းခင်ဗျလက်ရှိ ကော့ပါးကာဇူကာမိုင်စင်ဖြန်း...
ဖြေကြားချက် 2 ခု
ပျိုးပင်လေးတေခါးရိပြီးလဲနေလို့ဘယ်လိုလုပ်ရင့အဆင်နိုင်လဲဗျ
ဖြေကြားချက် 1 ခု
ဆရာရေ ကန့်၅၀ကျပ်သား ထုံး၂၅ကျပ်သား မှိုဆေးဖော်တာကြိုတုန်းကအရောင်က အစိမ်းပုပ်ရောင် အအေးခံလိုက်တော့ဝါနုရောင် သုံး...
ဖြေကြားချက် 4 ခု