ဖြေကြားချက် ၁ ခု
မတ်ပဲပင် ပေါက်ကြဲပါက အလင်းရောင်နှင့် အာဟာရ ပိုမိုရရှိသဖြင့် အပင်အထက်သို့ အဆမတန် ရှည်ထွက်ပြီး အဆစ်ကျဲကာ အကိုင်းအခက် နည်းသွားတတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်နှင့် အပင်ကို ဘေးကိုင်းဖြာပြီး အုပ်ဆိုင်း (အရွက်ပိတ်) သွားစေရန် သက်တမ်း (၂၅) ရက်မှ (၃၅) ရက် (ပန်းမပွင့်မီကိုင်းဖြာချိန်) တွင် အပင်ကြီးထွားမှုမြန် စေရန်အမိုင်နိုအက်စစ်နှင့် N,P,Kရွက်ဖျန်းအား ဆေးများ တွဲဖျန်းပေးပါ။ ထို့ပြင် အထွက်နှုန်းမလျော့စေရန်ပန်းပွင့်ချိန်တွင် ပန်းပွင့်အသီးတင်အားကောင်းစေမည့် NPK 0-52-34 ကဲ့သို့ ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြင့်မားသော ရွက်ဖျန်းမြေဩဇာနှင့် ဘိုရွန် (Boron) ဓာတ်တို့ကိုပါ တွဲဖက်ပက်ဖျန်းပေးသင့်ပါတယ်။
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိ...
ဖြေကြားချက် 5 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးကြဲတာ၆ရက်မြှောက်နေ့မှမိုးရွာတယ် ပဲစေ့တွေအပင်ပေါက်နိုင်သေးလား
ဖြေကြားချက် 1 ခု
တောင်ငူထန်တပင်ဘက်မိုးရှိသေးလာဗျပဲကျဲချင်တာမိုးကြောက်လိုပါမိုးရှိမရှိသိတဲ့ဆရာများဖြေကြားပေးပါအုံ
ဖြေကြားချက် 2 ခု
သဲဆန်တဲ့ လယ်မြေမှာ မတ်ပဲ စိုက်ရပါသလား အရင်တုန်းက စိုက်ဖူးတဲ့ လူတေက မရဘူး ပြောနေလို့ ဆယ်ရေ မရပါဘူး စမ်းဆုပ်...
ဖြေကြားချက် 2 ခု