အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Yogi Thein
လွန်ခဲ့သော ၁ နာရီ က · မှော်ဘီ

ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေး‌ေတွကိုထားသင့်ပါသလား။ခုတ်ပစ်သင့်ပါသလား

ပိုးမွှားရောဂါ ငှက်ပျော

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 374,766 လွန်ခဲ့သော ၃၇ မိနစ် က

ပိုးမွှားနှင့် ရောဂါကျရောက်မှုကြောင့် ခုတ်လှဲလိုက်ရသော ငှက်ပျောပင်ငုတ်တိုမှ ပြန်လည်ထွက်ရှိလာသည့် အပင်သစ် (သားတက်) များကို လုံးဝမထားသင့်ဘဲ ချက်ချင်းခုတ်ပစ်ရန် လိုအပ်ပါတယ်။ အကြောင်းမှာ မူလမိခင်ပင်တွင် ကျရောက်ခဲ့သည့် ဖျက်ပိုးများသည် မြေအောက်ရှိ ငှက်ပျောဥတက်နှင့် အမြစ်များတွင် ဆက်လက်ခိုအောင်းနေတတ်ပြီး၊ ပြန်ထွက်လာသည့် အပင်သစ်များဆီသို့ တိုက်ရိုက်ကူးစက်ကာ လက္ခဏာများ ပြန်လည်ပြသလာမည် ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ထို့အပြင် ယင်းပိုးရှိသောအပင်များကို ချန်ထားပါက စိုက်ခင်းအတွင်းရှိ အခြားကျန်းမာသော ငှက်ပျောပင်များကိုပါ ထပ်ဆင့်ကူးစက်ပြန့်ပွားစေနိုင်သဖြင့်၊ အပင်သစ်များကို နှိမ်နင်းပြီး ငှက်ပျောဥတက်ပါမကျန် တူးထုတ်ဖျက်ဆီးပစ်ခြင်းကသာ အကောင်းဆုံးဖြေရှင်းနည်း ဖြစ်ပါတယ်။ အကယ်၍အခုအသစ်ထွက်လာသည့်အပင်များက ဖျက်ပိုးကင်းမယ် ထင်တယ်ဆိုရင် ထားလို့ရပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။