အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Phyoe
Phyoe 523
လွန်ခဲ့သော ၁ နာရီ က · မင်းဘူး

စပါးခင်း ဘာရောဂါကျနေတာလဲဗျ ဘာဆေးပက်ရမလဲ

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
Post image
Post image
+၄

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 376,293 လွန်ခဲ့သော ၅၉ မိနစ် က

စပါးရွက်များတွင် အဝါရောင်အနားသတ်ရှိသော အညိုစက်များတွေ့ရခြင်းမှာ ရေလှောင်ကြာ၍ အမြစ်များအောက်စီဂျင်ပြတ်လပ်ကာ ပိုတက်စီယမ်အာဟာရဓာတ်ချို့တဲ့ခြင်း နှင့် ရွက်ညိုပြောက်မှိုရောဂါ တွဲဖက်ကျရောက်နေခြင်းပါ။သို့ပေမယ့်လည်း အရွက်အဖျားခြောက်သည့်ပုံစံကြည့်ရတာကလည်း ဘက်တီးရီးယားရွက်ခြောက်ရောဂါ (BLB) ဟုတ်မဟုတ်ကိုလည်း ဆက်လက်စောင့်ကြည့်ရန် လိုအပ်သေးတယ်။ ဤအခြေအနေကို ကုစားရန် စိုက်ခင်းအတွင်းရှိ ရေဟောင်းများကို ချက်ချင်းထုတ်ပစ်ပြီး လေဝင်လေထွက်ကောင်းအောင် ရေသွင်းရေထုတ်လုပ်ပေးရပါမယ်။ ထို့နောက် အပင်ရောဂါခံနိုင်ရည်တက်လာစေရန် ပိုတက်ရှ် (MOP) မြေဩဇာ သို့မဟုတ် ပိုတက်စီယမ်ပါဝင်မှုမြင့်မားသော ရွက်ဖျန်းမြေဩဇာကို ကျွေး/ဖျန်းပေးရပါမယ်။ တစ်ချိန်တည်းတွင် ရောဂါကိုဆိုးရွားစေတတ်သော ပုလဲ (နိုက်ထရိုဂျင်) ကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားရမည်ဖြစ်ပြီး၊ ရွက်ညိုပြောက်ရောဂါနှင့် ဘက်တီးရီးယား ရွက်ခြောက် ရောဂါ ဆိုရင်လည်း တခါတည်းကာ ကွယ်န်ိုင်စေရန် Copper Oxychloride ကဲ့သို့သော မှိုသတ်ဆေးကို ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျယ၊ ဆက်လက်စောင့်ကြည့်စစ်ဆေးပေးပါခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။