အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
koHein Htet Soe
လွန်ခဲ့သော ၁ နာရီ က · ဓနုဖြူ

မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်း​ေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ ပိုးသတ်ဆေးဖြန်းရင် အဆင်ပြေနိူင်ဆရာတို့ဖြေကြားပေးပါအုံး။ (အားဆေးကို ဘာအားဆေးသုံးရင်ကောင်းမလဲဗျ)

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၇ ခု

သော်ဇင်
သော်ဇင် 379,989 လွန်ခဲ့သော ၅၉ မိနစ် က
ဤအဖြေဖြင့် ပြေလည်

စီစဉ်ထားသော မတ်ပဲပေါင်းဆေးဖြန်းပြီးနောက် အားဆေး၊ မန်ကိုဇက်မှိုဆေးနှင့် ဘီတာစီပိုးသတ်ဆေးတို့ကို ရက်ခြား၍ အစဉ်လိုက်ဖြန်းမည့် အစီအစဉ်သည် ပဲပင်အတွက် အလွန်မှန်ကန်ပြီး အဆင်ပြေသော လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ပေါင်းဆေးဖြန်းပြီးပါက ပဲပင်များ ပေါင်းဆေးဒဏ်ကြောင့် ဝါခြင်း၊ ညှိုးခြင်းနှင့် ကြီးထွားမှုရပ်တန့်ခြင်းများ ဖြစ်တတ်သဖြင့် အပင်နာလန်ထူစေရန် အမိုင်နိုအက်ဆစ် (Amino Acid) အားဆေးကို ပေါင်းဆေးဖြန်းပြီး (၃) ရက်မှ (၅) ရက်အကြာတွင် ပထမဆုံး ဖျန်းပေးရပါမယ်။ ထို့နောက် အပင်သန်စွမ်းပြီး မှိုရောဂါကာကွယ်နိုင်ရန် မန်ကိုဇက်မှိုဆေးကို (၃) ရက်ခန့် ထပ်မံခြား၍ ဖျန်းပေးရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ပိုးမွှားဒဏ် ကာကွယ်ရန်အတွက် ဘီတာစီပိုးသတ်ဆေးကို (၃) ရက်ခန့် ထပ်မံရက်ခြား၍ ဖျန်းပေးရပါမယ်။ အကယ်၍ အလုပ်ရှုပ်သက်သာလိုပါက ပေါင်းဆေးဖြန်းပြီး (၄) ရက်အကြာတွင် အားဆေးနှင့် ဘီတာစီပိုးသတ်ဆေး (၂) မျိုးလုံးကို တစ်ပြိုင်တည်း ရောစပ်၍ တစ်ကြိမ်တည်းဖြင့် ဖျန်းပေးနိုင်ပါတယ်။ပြီးမှ မန်ကိုဇက်မှိုဆေးသီးသန့်ဖျန်းပက်ပြီးရောဂါကာကွယ်မယ်ဆိုလည်းရပါတယ်ခင်ဗျာ

koHein Htet Soe
koHein Htet Soe 125 လွန်ခဲ့သော ၃၃ မိနစ် က

@သော်ဇင် ဟုတ်ကဲ့ပါဆရာ

သော်ဇင်
သော်ဇင် 379,989 လွန်ခဲ့သော ၃၃ မိနစ် က

ဖျန်းပေးလို့ရပါတယ်၊ ကျွန်တော်ပြောသလို ရွက်ဖျန်းအားဆေးကတော့ မဖြစ်မနေ အနည်းဆုံး၃ကြိမ်တော့ဝင်ပေးရန်လိုအပ်ပါတယ်၊ ပင်ပိုင်းကြီးထွားချိန်၊ ပန်းစပွင့်ချိန်၊အစေ့အဆန်တည်စအချိန်တွေပေါ့

koHein Htet Soe
koHein Htet Soe 125 လွန်ခဲ့သော ၃၇ မိနစ် က

@သော်ဇင် ဝိစာရကထုပ်တဲ့ စူပါပါဝါတို့ ပြည့်စုံကြွယ်ဝတို့ တခါထဲ ဖြန်းရင်ကောရလားဆရာ

သော်ဇင်
သော်ဇင် 379,989 လွန်ခဲ့သော ၃၉ မိနစ် က

@koHein Htet Soe ရပါတယ်ခင်ဗျာ၊ သို့ပေမယ့် နောက်၇-၁၀ရက်အကြာမှာတော့ N,P,Kပါသောအားဆေးတစ်ကြိမ်ကတော့မဖြစ်မနေဖျန်းပေးရပါဦးမယ်ခင်ဗျာ၊ အဟာရ‌ကမြေခံမှာမထည့်ခဲ့ဘူးဆိုရင်တော့ အား ဆေးကို အနည်းဆုံး ၃ကြိမ်ကတော့ မဖြစ်မနေဖျန်းပေးရပါမယ်ခင်ဗျာ၊ N,P,Kပါရွက်ဖျန်းအားဆေးတကြိမ်၊ Ca,B,Znတို့လိုအနည်းလိုအားဆေးကို ပန်းပွင့်ချိန်တစ်ကြိမ်၊ အစေ့အဆန်တည်ချိန်နီးမှာ P,Kအချိုးများတစ်ကြိမ်လောက်တော့ဖျန်းပေးရန်လိုအပ်နိုင်ပါတယ်ခင်ဗျာ၊

koHein Htet Soe
koHein Htet Soe 125 လွန်ခဲ့သော ၄၄ မိနစ် က

@သော်ဇင် (Amino Acid)40%ပါတဲ့အားဆေးတစ်မျိုးထဲဖြန်းလို့ရလားဆရာ

koHein Htet Soe
koHein Htet Soe 125 လွန်ခဲ့သော ၅၄ မိနစ် က

@သော်ဇင် ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့...

ဖြေကြားချက် 5 ခု

ဂျစ်ပဆမ်ကျောက်မှုန့် က ဘာကိုပြုလုပ်ထားတာလဲ ဘယ်လိုအကျိုးအာနိသင် ရှိချင်ပါတယ်ခင်ဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီးပါပြီ မှိုဆေးအရင်ဖျန်းရမလားအားဆေးအရင်ဖျန်းရမလား ဘာမှိုဆေးဖျန်းသင့်လဲ

ဖြေကြားချက် 3 ခု

မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။