အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
min
min 22
လွန်ခဲ့သော ၁ နာရီ က · ပဲခူး

ဘူးသီးပျိုးပင်တွေ မြေပေါ်ချပြီး ၃ ၄ရက်နေတာနဲ့ခါးတွေ ညိ့ပြီး အပက်တွေသေ အရိုးတွေကွဲဖြစ်ကုန်လို့ တချို့ဆို အပင်ခါးကိုအလယ်ကနေညီ့ပြီးပြတ်ထွက်သွားတာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
စိုက်ပျိုးနည်း ဘူး
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 382,098 လွန်ခဲ့သော ၉ မိနစ် က

ပုံပါ ဘူးပင်ငယ်များတွင် ဖြစ်ပွားနေသော လက္ခဏာမှာ မြေဆောင်မှိုကြောင့်ဖြစ်သည့် ပင်စည်ကွဲအက် အစေးထွက်ရောဂါ (Gummy Stem Blight) ဖြစ်ပြီး၊ စိုထိုင်းဆများခြင်းနှင့် ရေဝပ်ခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်ပါတယ်။ ရောဂါကို ထိရောက်စွာ ကုသရန်အတွက် အပင်ခြေနှင့် တစ်ပင်လုံးကို Azoxystrobin + Difenoconazole သို့မဟုတ် Pyraclostrobin + Metiram ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးများ ပက်ဖျန်းပေးရပါမယ်။ ၎င်းအပြင် ရောဂါရနေသော အပင်ခြေတစ်ဝိုက်ရှိ မြေဆီလွှာကိုပါ ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် တာလစ်ဆီ (Metalaxyl) သို့မဟုတ် Hymexazol သို့မဟုတ် Foestyl Al ဆေးရည် ဖျန်း ပေးခြင်းဖြင့် ကူးစက်မှုကို တားဆီးနိုင်ပြီး၊ ရောဂါပြင်းထန်ကာ သေဆုံးသွားသော အပင်များကိုမူ စိုက်ခင်းပြင်ပသို့ ထုတ်ယူ၍ မီးရှို့ဖျက်ဆီးပစ်ရပါမယ်။ပေါင်းမြက်ရှင်းလင်းချိန်တွင် ဘူးပင်စည်များကို ဓား၊ ပေါက်တူးတို့ဖြင့် မထိခိုက်မိစေရန် သတိထားပါ (ဒဏ်ရာမှတစ်ဆင့် မှိုရောဂါ ပိုမို ဝင်ရောက်လွယ်သောကြောင့် ဖြစ်သည်)အပင်ခြေတွင် ရေဝပ်ခြင်း မရှိစေရန်နှင့် မြေဆီလွှာ လေဝင်လေထွက်ကောင်းစေရန် အစိုဓာတ်ကို ထိန်းညှိပေးပါ။ နောင်ရာသီအတွက်စိုက်ပျိုးခြင်းမပြုမီ ဘူးမျိုးစေ့များကို ကာဘင်ဒါဇင် (Carbendazim) ကဲ့သို့သော မှိုသတ်ဆေးဖြင့် စနစ်တကျ လူးနယ်ပြီးမှ စိုက်ပျိုးပါ။မြေပြင်ချိန်တွင် မြေဆွေးနှင့်အတူ ထရိုင်ခိုဒါးမား (Trichoderma) သဘာဝအကျိုးပြုမှိုကို ထည့်သွင်းမြေခံပေးခြင်းဖြင့် မြေဆောင်မှိုရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အသီးမာအမည်းစက်လေးတွေအပေါက်ကလေးတွေဖြစ်နေပါတယ် အသီးပုပ်တာမျိုးတော့မရှိပါဘူး ပိုးကောင်လည်းသိပ်မတွေ့ပါဘူး မှိုရော...

ဖြေကြားချက် 2 ခု

ဘူးပင်ကိုဘယ် ရာသီတွေမှာစိုက်တာအကောင်းဆုံးလဲဗျ

ဖြေကြားချက် 2 ခု

ကျွန်တော်စိုက်ခင်းမှာ အဓိက ဘူး၊ရွှေဖရုံ၊ကျောက်ဖရုံစိုက်ပါတယ်။ သီးလာတဲ့ အသီးတွေကြတော့ ပျားကိုက်လို့ ပုက်ကုန်ပါ...

ဖြေကြားချက် 1 ခု

ဧကရီ၁၂၃ရုံးပတီကခုချိန်စိုက်လို့အဆင်ပြေလားခင်ဗျ.. ဆရာတို့အလင်းပြပါခင်ဗျ

ဖြေကြားချက် 2 ခု

မေလတွင် ဘူး စိုက်ပျိုးလျှင််ဘယ်လိုမျိုးစိုင်ပျိုးသင့်ပါသလဲ မိုးများသောကာလရောက်လာမယ်ဖြစ်သောကြောင့်စိုက်ပျိုးမယ်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။