အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ThanToeNaing
လွန်ခဲ့သော ၁ နာရီ က · ယင်းမာပင်

ခရမ်းချဉ်ပင်မှာလက်ရှိကြနေတဲ့ရောဂါနှစ်မျိုးပါ ဘယ်ဆေးသုံးပီးဘယ်လိုကုသရမလဲဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 384,430 လွန်ခဲ့သော ၅၃ မိနစ် က

ယခု ခရမ်းချဉ်စိုက်ခင်းတွင် မှိုကြောင့်ဖြစ်သော Early Blight စောပင်နာကျ ရောဂါနှင့် ဘက်တီးရီးယားကြောင့်ဖြစ်သော Bacterial spot and speck ဘက်တီးရီးယားရွက်ပြောက်ရောဂါ နှစ်မျိုးလုံး တပြိုင်နက်တည်း ပြင်းထန်စွာ ကူးစက်နေပါတယ်။ ရောဂါနှစ်မျိုးလုံးကို ထိရောက်စွာ ကုသနိုင်ရန်အတွက် ကော့ပါးအခြေခံမှိုသတ်ဆေး (ဥပမာ - Copper Oxychloride သို့မဟုတ် Copper Hydroxide, Oxolinic acid,Bismerthiazole, Kasugamycin) ကို ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးတစ်မျိုးမျိုးကို ၅ ရက်မှ ၇ ရက်တစ်ကြိမ် စနစ်တကျ ဖျန်းပေးရပါမယ်။ပြီးနောက် စောပင်နာကျရောဂါအတွက် (Azoxystrobin+ Difenoconazole )မှိုဆေးကို ဘက်တီးရီးယားဆေးဖျန်းပြီး၅ရက်အကြာမှာ တစ်ကြိမ်ဖျန်းပေးပါ။ ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များ ဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပါ။ ဓာတုဆေးဖျန်းရုံတင်မကဘဲ ရောဂါရနေသည့် အရွက်ဟောင်းများကို အမြန်ဆုံး စိုက်ခင်းအဝေးဖယ်ရှားပစ်ရန်၊ အပင်ပေါ်မှ ရေပက်ဖျန်းခြင်းကို ရှောင်ကြဉ်ပြီး အပင်ခြေမှသာ ရေသွင်းရန်နှင့် စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းအောင် ပေါင်းမြက်ရှင်းလင်းပေးရန် အလွန်အရေးကြီးပါတယ်။နောက်ရာသီများတွင် ဤရောဂါများ ထပ်မံမဖြစ်ပွားစေရန် သီးလှည့်စိုက်ပျိုးခြင်း ကို လုပ်ဆောင်ပြီး ခရမ်းချဉ်၊ အာလူး၊ ငရုတ် ကဲ့သို့သော ရောဂါလက်ခံပင်မျိုးနွယ်စုများကို ထိုမြေတွင် အနည်းဆုံး ၂ နှစ်ခန့် စိုက်ပျိုးခြင်း ရှောင်ကြဉ်သင့်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျရောဂါရအရွက်တွေအခုလိုရှင်းထားပါတယ်ခင်ဗျဇော်ဗက် 40စီစီ ဖြန်းပြီးစိုးရိမ်စိတ်နဲ့3ရက်လောက်ခြားပြီးမန်ကို...

ဖြေကြားချက် 5 ခု

မာလာဝတီမျိူးပါ 10လပိုင်း12ရက်နေ့က ပုံပါ ဝင်းနားမိူသတ်ဆေးနှင့် မင်ဂိုဇက်5ဇွန်း ထည့်ဖျန်းထားပါတယ် ခုရက်ပိုင်း...

ဖြေကြားချက် 1 ခု

အခုချိန်ဆောင်းခရမ်းချဥ်သီးစိုက်ရင် မှီသေးလားဗျ ကျွန်တော်တို့နယ်ဘက်တွေက ဖြစ်လောက်လားရော ပျိုးပင်တွေကို ဝယ်စိုက်...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်တွေ ညိုးကျလာလို့ပါရှင် ပင်စည်ဖြတ်ကြည့်တော့လည်း အကောင်းပါပဲ အမြစ်လည်းအဆင်ပြေတယ် ဘာဖြစ်လို့လဲရှင်...

ဖြေကြားချက် 10 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။