အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
koHein Htet Soe
လွန်ခဲ့သော ၂ နာရီ က · ဓနုဖြူ

ကျွန်တော့ မတ်ပဲခင်းမှာ အဲ့လိုပိုးလေးတွေကျနေလို့ ပဲကောင်းပေါင်းသေကလဲ မဖျန်းရသေးဘူး ပိုးသတ်ဆေးအရင်ဖျန်းရမလား ဗျဖြေပေးပါအုံး

ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 385,589 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

@koHein Htet Soe ဓာတ်ပုံထဲက မတ်ပဲပင်တွေမှာ ရွက်စုံစားခူကောင် (Tobacco Caterpillar) ကျရောက်ပြီး အရွက်တွေကို စားထားတာ တွေ့ရပါတယ်။ စိုက်ခင်းအကျယ်အဝန်း နည်းရင်တော့စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ဥမြုံနဲ့ ခူကောင်တွေကို လက်နဲ့ ကောက်ယူဖျက်ဆလေ့ရှိပြီး၊ ဇီဝနည်းအရ နှိမ်နင်းချင်ရင်တော့ တမာဆေး သို့မဟုတ် Bt ပိုးသတ်ဆေးသုံးစွဲလေ့ရှိတယ်။ ပိုးကျရောက်မှု ပြင်းထန်ပါက အီမာမက်တင် ဘန်ဇိုအိတ် (Emamectin benzoate)၊ ဖလူဗင်ဒီယာမိုက် (Flubendiamide) သို့မဟုတ် စပီနိုဆတ် (Spinosad) ဓာတုဆေးတစ်မျိုးမျိုးကို ခူကောင်တွေ အပြင်ထွက်စားသောက်တဲ့ ညနေစောင်းအချိန် မှာ စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိတယ်

သော်ဇင်
သော်ဇင် 385,589 လွန်ခဲ့သော ၃၀ မိနစ် က

ဒီမနက်မှ ပေါင်းသတ်ဆေး ဖြန်းထားတာဖြစ်လို့ ဒီနေ့ညနေမှာ ဘီတာစီ (Betacypermethrin) ပိုးသတ်ဆေးကို ထပ်မဖြန်းသင့်သေးပါဘူးခင်ဗျာ။ ပေါင်းသတ်ဆေးကြောင့် မတ်ပဲပင်တွေမှာ အပင်အဆိပ်သင့်မှု ဒဏ် သို့မဟုတ် ဖိစီးမှု တွေ ဖြစ်နေနိုင်လို့ ပိုးသတ်ဆေးပါ ထပ်ဖြန်းလိုက်ရင် အပင်နာပြီး သေကုန်နိုင်ပါတယ်။ ဒါ့အပြင် ဘီတာစီဆေးဟာ အမွှေးအမျှင်ပါတဲ့ ခူကောင်ကြီးတွေကို နှိမ်နင်းရာမှာ ထိရောက်မှု အားနည်းတတ်ပါတယ်။ ဒါကြောင့် အပင်ဒဏ်ခံနိုင်အောင် အနည်းဆုံး ၂ ရက်မှ ၃ ရက်ခန့် စောင့်ပြီးမှသာ ရွက်စုံစားခူကောင်ကို ထိရောက်စွာနှိမ်နင်းနိုင်မယ့် အီမာမက်တင် ဘန်ဇိုအိတ် ကဲ့သို့ ဆေးမျိုးကို ပြောင်းလဲပြီး ညနေစောင်းမှာ ဖြန်းပေးသင့်ပါတယ်။

koHein Htet Soe
koHein Htet Soe 190 လွန်ခဲ့သော ၁ နာရီ က

@သော်ဇင် ကျွန်တော့ပါ ဘီတာစီပိုးသတ်ဆေးရှိပါတယ်ဆရာ ဒီမနက် ပေါင်းသတ်ဆေးဖျန်းပြီး ညနေ ပိုးသတ်ဆေးဖျန်းလို့ရလားဆရာ

သော်ဇင်
သော်ဇင် 385,589 လွန်ခဲ့သော ၁ နာရီ က

@koHein Htet Soe ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲကြားကပေါင်းမြက်ကိူမတ်ပဲဘယ်နှစ်ရက်သားမှာရွေးချယ်ဆေးဖြန်းလို့ရလဲ

ဖြေကြားချက် 1 ခု

ဆာလ်ဖာ၈၀% နဲ့ECလိုဆေးမျိုးနဲ့ရောဖျန်းလို့ရလား ဆိုင်ကပေးလာတာ ဆာလ်ဖာနဲ့ မှိုဆေးECဆေးရောဖျန်းခိုင်းပါတယ်

ဖြေကြားချက် 3 ခု

အေဇိုတက်မှိုသတ်ဆေးဝယ်လာတာ ဒိတ်၆လလောက်သက်တမ်းကျော်နေလို့ဖျန်းလို့ရသေးလား အနိသေရှိသေးလားဖျန်းရင် မတ်ပဲကိုထိခိုက်...

ဖြေကြားချက် 1 ခု

Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား

ဖြေကြားချက် 3 ခု

မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်း​ေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ...

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။