အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
နေရောင်အောက်က ဘဝသမား
လွန်ခဲ့သော ၂ နာရီ က · ချောင်းဆုံ

မတ်ပဲပင်ကို အပင်ငယ်စဥ်ကစပြီးဆေးဖျန်ဖို့တွက် အမိုင်နိုအက်စစ်နဲ့ စသုံးရင်ကောင်းမလား နွားကျင်ငယ်ရေ နဲ့သုံးရင်ကောင်းမလား ဒါမှမဟုက် ဘယ်ချိန်ဘယ်လိုသုံးသင့်လဲဆိုတာသိတဲ့ဆရာများ အလင်းပြပေးပါအုံး ခင်ဗျား ကျွန်တော်က အခုမှပဲစစိုက်ပြီးကုန်ကျစရိတ်သက်သာစေဖို့တွက်လေ့လာနေလို့ပါ ကျေးဇူးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 386,105 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း ဒီအားဆေးကလည်း ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိလို့ လေ့လာကြည့်ပါဦးနော်

သော်ဇင်
သော်ဇင် 386,105 လွန်ခဲ့သော ၂ နာရီ က

မတ်ပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိစေရန်အတွက် အပင်ငယ်စဉ် (၁၅ ရက်မှ ၂၅ ရက်သား) တွင် နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝသော နွားကျင်ငယ်ရေ (အနည်းဆုံး ၇ ရက် အချဉ်ဖောက်ထားရန်) ကို စတင်ဖျန်းပေးသင့်ပါတယ်။ ၎င်းသည် ဓာတ်မြေဩဇာဖိုးကို သက်သာစေပြီး အပင်ကို ကိုင်းဖြာ သန်စွမ်းစေပါလိမ့်မယ်။ ဝယ်ယူရသဖြင့် ကုန်ကျစရိတ်ရှိသော အမိုင်နိုအက်စစ်ကိုမူ အပင်ငယ်စဉ်တွင် မသုံးသေးဘဲ အပင်တကယ်လိုအပ်ပြီး အထွက်နှုန်းကို အဆုံးအဖြတ်ပေးမည့် ပန်းပွင့်ခါစ (၃၅-၄၀ ရက်သား) နှင့် သီး ‌ေတာင့်ဖြည့်ချိန် (၅၀ ရက်သား) များတွင်သာ ပြောင်းလဲဖျန်းပေးခြင်းက အကောင်းဆုံးနှင့် စီးပွားရေးအရ အတွက်ချေအကိုက်ဆုံး ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ကျွန်တော့ မတ်ပဲခင်းမှာ အဲ့လိုပိုးလေးတွေကျနေလို့ ပဲကောင်းပေါင်းသေကလဲ မဖျန်းရသေးဘူး ပိုးသတ်ဆေးအရင်ဖျန်းရမလား ဗျ...

ဖြေကြားချက် 3 ခု

မတ်ပဲကြားကပေါင်းမြက်ကိူမတ်ပဲဘယ်နှစ်ရက်သားမှာရွေးချယ်ဆေးဖြန်းလို့ရလဲ

ဖြေကြားချက် 1 ခု

ဆာလ်ဖာ၈၀% နဲ့ECလိုဆေးမျိုးနဲ့ရောဖျန်းလို့ရလား ဆိုင်ကပေးလာတာ ဆာလ်ဖာနဲ့ မှိုဆေးECဆေးရောဖျန်းခိုင်းပါတယ်

ဖြေကြားချက် 3 ခု

အေဇိုတက်မှိုသတ်ဆေးဝယ်လာတာ ဒိတ်၆လလောက်သက်တမ်းကျော်နေလို့ဖျန်းလို့ရသေးလား အနိသေရှိသေးလားဖျန်းရင် မတ်ပဲကိုထိခိုက်...

ဖြေကြားချက် 1 ခု

Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။