ဖြေကြားချက် ၁ ခု
@မျိုးလှိုင် အီးအမ်ပွားရည် (Concentrate Effective Microorganism - CEM) ဖော်စပ်ရန်အတွက် မူလအီးအမ်Original EM အရည် ၁ လီတာ၊ တင်လဲရည် ၁ လီတာနှင့် ကလိုရင်းမပါသော ရေသန့် ၁၈ လီတာ (အချိုးအစား ၁:၁:၁၈) တို့ လိုအပ်ပါတယ်။ ပြုလုပ်ပုံမှာ ပထမဦးစွာ ရေ ၉ လီတာထဲတွင် တင်လဲရည်ကို သမအောင် အရင်ဖျော်ပြီးနောက်၊၂၀ လီတာဆံ့ ပလတ်စတစ်ပုံးထဲသို့ လောင်းထည့်ကာမူလ EMအ ရည်နှင့် ကျန်ရှိသော ရေ ၉ လီတာကို ထပ်ဖြည့်၍ သေချာစွာ ပိတ်ရပါမယ်။ နေရောင်ခြည် တိုက်ရိုက်မကျသော အေးမြသည့်နေရာတွင် ၇ ရက်မှ ၁၀ ရက်အထိ အချဉ်ဖောက်ထားရမည်ဖြစ်ပြီး၊ ထိုအတောအတွင်း ထွက်လာသော ဂတ်စ်များကို တစ်ရက်လျှင် တစ်ကြိမ် ပုံးအဖုံးဖွင့်၍ ထုတ်ပေးရပါမယ်။ သစ်သီးချဉ်ဖတ်နံ့ကဲ့သို့ ချိုချဉ်စူးစူး အနံ့ရလာလျှင် အောင်မြင်ပြီး၊ စိုက်ပျိုးရေးတွင် ရေနှင့် ၁:၁၀၀၀ အချိုး (ရေ ၂၀ လီတာလျှင် CEM ၂၀ စီစီ) ရောစပ်ကာ အပင်ဖျန်းခြင်း၊ အပင်ခြေလောင်းခြင်းနှင့် မြေဆွေးလုပ်ငန်းများတွင် အသုံးပြုနိုင်ပါတယ်ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဘိုကာရှီ မြေဆွေးအိတ်တွေမှာပါလေ့ရှိတဲ့ ပါ၀င်ပစ္စည်းတွေထဲမှာ C:N ratio အကြောင်းလေးသိချင်လို့ပါရှင့်။ C:N ratio...
ဖြေကြားချက် 3 ခု
မူလEMကနေEMအပြင်းကိုဘယ်လိုဖေါ်စပ်ရပါသလဲ။
ဖြေကြားချက် 2 ခု
ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
ဖြေကြားချက် 2 ခု
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
ဖြေကြားချက် 2 ခု
ဖော်ပြပါဓါတ်ပုံအတိုင်း အမည်မသိရောဂါကျရောက်ဖျက်ဆီးနေပါတယ်။ရောဂါ အမျိုးအစားနှင့်ကုသကာကွယ်ရေးနည်းလမ်းပြန်ကြားပေး...
ဖြေကြားချက် 2 ခု