အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Zaw Min
Ko Zaw Min 138
လွန်ခဲ့သော ၁ နာရီ က · ငဖဲ

ကျွန်တော့ ဇီးချို စိုက်ခင်းသည် အပွင့် အားကောင်းပြီး အသီး မကပ်ပဲ အပွင့်ပဲ ကြွေကြနေလို့။ အသီးမတင်တာတခုပဲ အပင်ကတော့ စိမ်းစိုနုဖတ်လို့ ပိုးလဲနိုင်တယ် ဖြန်းထားတဲ့ ဆေးတွေကတော့ ရွက်ဖြန်းအားဆေး ၊ မော်ဒယ်မုန်လ် ၊ စူပါသီး ၊ ပွင့်သီးဥ ၊ ပင်သန်ကြီးထွား ၊ ကယ်ဘိုမဂ် စူပါ ဖြစ်ပြီး မှိုဆေး ၊ ဟေဗင် ဖြစ်ပါတယ် ပိုးသတ်ဆေးကတော့ ၊ ဂန်း ၊ ဘရိတ် ၊ဘက်တား ဖြစ်ပါတယ် ပင်‌ခြေကို 15 ပါတ်လည်ကြွေးထား အသီးမကပ်ဖြစ်နေလို့ အသီးကပ်မဲ့ဆေး ပြောပြပေးပါ ကျေးဇူးတင်ပါတယ်ခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
စိုက်ပျိုးစီးပွား ဆီးသီး

ဖြေကြားချက် ၃ ခု

Ko Zaw Min
Ko Zaw Min 138 လွန်ခဲ့သော ၅၄ မိနစ် က

ကယ်လ်စီယမ် နဲ့ ဘိုရွန် ပါတာကို ပြောတာလား

Ko Zaw Min
Ko Zaw Min 138 လွန်ခဲ့သော ၁ နာရီ က

PK (0-52-34) ဆိုတာကဘာလဲဆရာ ကယ်လ်စီယမ် - ဘိုရွန် ဆိုတာက ရော ဘာဆေးလဲ တကယ် နားမလည်လို့ပါ ဖြန်းရမဲ့ ဆေးသိရင်တော့ ဆိုင်မှာ သွားဝယ် ဖြန်းလိုက်မယ် ဆရာ ဖြန်ရမဲ့ ဆေးလေး လမ်းညွန်ပေးပါ ခင်ဗျ

သော်ဇင်
သော်ဇင် 392,075 လွန်ခဲ့သော ၁ နာရီ က

@Ko Zaw Min ဇီးချိုပင်များ အပွင့်အားကောင်းပြီး အသီးမတင်ဘဲ ကြွေကျရခြင်းမှာ အပင်အာဟာရဓာတ် မျှခြေမညီဘဲ နိုက်ထရိုဂျင်ဓာတ် (N) လွန်ကဲနေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ တောင်သူဦးကြီးအသုံးပြုထားသော ပင်သန်အားဆေးများနှင့် ၁၅-ပတ်လည်မြေသြဇာများကြောင့် အပင်က စိမ်းစိုနုဖတ်လွန်း ပြီး မျိုးပွားမှုအပိုင်းဖြစ်သော အသီးတင်ခြင်းကို လျစ်လျူရှုကာ အပွင့်များ ကြွေကျကုန်ခြင်းဖြစ်ပါတယ်။ ၎င်းအပြင် အပွင့်ပွင့်ချိန်တွင် ပိုးသတ်ဆေး ပြင်းထန်စွာ ဖြန်းခြင်းက ဝတ်မှုန်ကူးပေးမည့် အင်းဆက်များကို မောင်းထုတ်သကဲ့သို့ ဖြစ်စေတယ်။ ထို့ကြောင့် လက်ရှိ နိုက်ထရိုဂျင်ပါသော အားဆေးအားလုံးကို ချက်ချင်းရပ်တန့်ပြီး အရွက်ကြီးထွားမှုကို ထိန်းချုပ်ကာ အသီးတင်စေမည့် PK (0-52-34) နှင့် ကယ်လ်စီယမ်-ဘိုရွန် တို့ကို ပြောင်းလဲပက်ဖျန်းပေးရပါမယ်။ ဆေးဖြန်းလျှင်လည်း ပျား၊ ပိတုန်းများ ဝတ်မှုန်ကူးချိန်နှင့် လွတ်စေရန် ညနေစောင်းမှသာ ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။