အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုင်းခမ်းစိုး
လွန်ခဲ့သော ၁ နာရီ က · တောင်ငူ

ကံလမ်ဒါပိုးသတ်ဆေးကပန်းပင်ဖြန်းလို့ရလားခင်ဗျာ

စိုက်ပျိုးနည်း စံပယ်ပန်း
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 395,011 လွန်ခဲ့သော ၅၅ မိနစ် က

@စိုင်းခမ်းစိုး ကံလမ်ဒါ (Lambda-cyhalothrin) ပိုးသတ်ဆေးကို စံပယ်ပန်းပင်များတွင် အသုံးပြုနိုင်ပါတယ်။ ဤဆေးသည် စံပယ်ခင်းများတွင် အဓိကကျရောက်တတ်သော စံပယ်ဖူးထိုးပိုး၊ ရွက်လိပ်ပိုး၊ လှေးပိုးနှင့် ပျပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သော ဆေးအမျိုးအစားဖြစ်ပါတယ်။ သို့သော် စံပယ်ပန်းပွင့်နေချိန် သို့မဟုတ် ပန်းခူးခါနီးရက်များတွင် ဖျန်းပါက ပန်းရနံ့ကို ထိခိုက်စေနိုင်ပြီး ဆေးကြွင်းကျန်မှု ဖြစ်နိုင်သဖြင့် ၎င်းအချိန်များကို ရှောင်ကြဉ်၍ မနက်စောစော သို့မဟုတ် ညနေစောင်းတွင်သာ ပက်ဖျန်းပေးသင့်ပါတယ်။ဘာပိုးမှမကျရင်ဖျန်းစရာမလိုပါခင်ဗျာ။ဖျန်းမယ်ဆိုလည်း အထက်ကအချက်တွေလိုက်နာပါ၊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမ...

ဖြေကြားချက် 1 ခု

စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်း...

ဖြေကြားချက် 1 ခု

မန်းလေးပသိမ်ကြီးဘက်မှာဖော့စဖိတ်မြေဩဇာပြည်ချိန်ရောင်းတဲ့ဆိုင်ရှိရင်ပြောကြပါအုံး

ဖြေကြားချက် 1 ခု

စီးပွားဖြစ်စပယ်ပန်းကို တပြန်ဖူးပြီးတပြန်နောက်အတက်ထွက်အောင်ဘယ်လိုလုပ်ရမလဲ

ဖြေကြားချက် 2 ခု

စံပယ်ပန်းကိုစပီစိုက်မယ်ဆိုဘယ်လိုစစိုက်ပျိုးရပါသလဲဘယ်လိူပြုစုရပါသလဲတစ်ပင်နဲ့တစ်ပင်အကွာဝေးဘယ်လောက်ထားပီစိုက်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။