အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်းလေး
လွန်ခဲ့သော ၄ နာရီ က · ရမ်းဗြဲ

ဘယ်လိုဖြေရှင်းရမလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အညွန့်
ပိုးမွှားရောဂါ ကွမ်း
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

ဆန်းလေး
ဆန်းလေး 345 လွန်ခဲ့သော ၃ နာရီ က

@သော်ဇင် ပိုးတစ်မျိုးမျိုး ကိုက်စားတာကြောင့်မဖြစ်နိုင်ဘူးလားဗျ

သော်ဇင်
သော်ဇင် 397,225 လွန်ခဲ့သော ၃ နာရီ က

@ဆန်းလေး ကွမ်းပင်များတွင် ဖြစ်ပွားနေတာကဘက်တီးရီးယား ဆီစွန်း ရိုးမဲဆစ်ပြုတ်ရောဂါ အစပြုသည့်လက္ခဏာပါ။ ဒီရောဂါသည် အစိုဓာတ်လွန်ကဲမှုကြောင့် ဖြစ်ပြီး ကာကွယ်ရန် ရောဂါဆိုးရွားစွာကျအရွက်များနှင့် ရိုးတံများရှိခဲ့ပါက ဆွတ်ခူးကာ ခြံနှင့်ဝေးရာတွင် မီးရှို့ဖျက်ဆီးရပါမယ်။ ဓာတုဆအနေဖြင့် ကာပါးအောက်ဆီကလိုရိုက် (Copper Oxychloride) သို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin) ဘက်တီးရီးယားသတ်ဆေးကို အရွက်အောက်မျက်နှာပြင်ပါ နှံ့စပ်အောင် ဖျန်းပေးရပါမယ်။ စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အရွက်ကို ကိုက်စားသောပိုးများနှင့် အရည်စုပ်စားသော ပိုးမွှားများအတွက်ရှိခဲ့ပါက အီမာမက်တင် ဘန်ဇိုအိတ် (Emamectin benzoate) သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) ပိုးသတ်ဆေးများကို လမ်းညွှန်ချက်အတိုင်း ဖျန်းလေ့ရှိတယ်။ ကွမ်းသည် လူတိုက်ရိုက်စားသုံးသည့်သီးနှံဖြစ်၍ ဆေးဖျန်းပြီးနောက် အနည်းဆုံး ၇ ရက်မှ ၁၄ ရက်အထိ ဆွတ်ခူးစားသုံးခြင်း လုံးဝမပြုလုပ်ရန် သတိပြုရပါမယ်။ ကွမ်းခြံအတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် နေရောင်ခြည် လုံလောက်စွာရရှိစေရန် မလိုအပ်သော ကွမ်းရွက်အိုများနှင့် ပေါင်းမြက်များကို ရှင်းလင်းပေးပါ။ရောဂါဖြစ်ပွားနေစဉ်အတွင်း နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ အလွန်အကျွံ ကျွေးခြင်းကို ခေတ္တရပ်ဆိုင်း သို့မဟုတ် လျှော့ချ ကျွေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။