အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Win Zaw
U Win Zaw 500
လွန်ခဲ့သော ၅၈ မိနစ် က · ပုသိမ်

GW11ကျဲခင်းအထွက်ကောင်းအောင်ဘယ်ရက်တွေမှာဘယ်အစာတွေကျွေးရမလဲဆရာ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 397,706 လွန်ခဲ့သော ၂ မိနစ် က

@U Win Zaw GW11 စပါးအမျိုးအစားသည် သက်တမ်း (၁၁၀-၁၁၅) ရက်ရှိ အထွက်ကောင်းစပါးမျိုးဖြစ်ပြီး ယခုကဲ့သို့ အပင်သက်တမ်း (၁၅) ရက်သားအရွယ်သည် ပင်ပွားထွက်အားကောင်းစေရန် အစာကျွေးရမည့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ မြေခံမှာဘာမြေဩဇာမှ မထည့်ခဲ့ဘူးလို့ထင်ပါတယ်၊သို့ဖြစ်ရာ လက်ရှိအချိန်တွင် တစ်ဧကလျှင် ယူရီးယား (ပုလဲ) မြေဩဇာ အိတ်ဝက်နှင့် ၁၅ ပတ်လည် ကွန်ပေါင်းမြေဩဇာ အိတ်ဝက်တို့ကို ရောစပ်၍ လယ်ကွက်အတွင်း ရေစပ်စပ်ဖြင့် ညီညာစွာ ကြဲပက်ပေးရပါမယ်။ ထို့နောက် သက်တမ်း (၃၅-၄၀) ရက် ပင်ပွားအများဆုံးအချိန်တွင် ဒုတိယအကြိမ်အဖြစ် ပုလဲအနည်းငယ် နှင့် ကွန်ပေါင်းမြေဩဇာကိုလည်းကောင်း၊ သက်တမ်း (၆၅-၇၀) ရက် အနှံသန္ဓေတည်ချိန်တွင် တတိယအကြိမ်အဖြစ် ပုလဲအနည်းငယ်နှင့် ပိုတက်ရှ်မြေဩဇာကိုလည်းကောင်း ဆက်လက်ကျွေးပေးခြင်းဖြင့် အထွက်နှုန်းကို အကောင်းဆုံး မြှင့်တင်နိုင်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။