ဖြေကြားချက် ၁ ခု
@ကိုနိုင်လင်း စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ပင်စည်ထိုးပိုး ကာကွယ်ရန် မျိုးစေ့ကို အီမီဒါကလိုပရစ် (Imidacloprid) ဆေးဖြင့် လူးနယ်စိုက်ပျိုးရမည်ဖြစ်ပြီး၊ သက်တမ်းနုချိန်တွင် ဒိုင်မီသိုအိတ် (Dimethoate)ဆေး သုံးစွဲလေ့ရှိတယ်။ အမြစ်ပုပ်/ပင်ခြေပုပ် မှိုရောဂါများအတွက် အပင်ခြေကို ဟိုင်မက်ဆာဇိုးလ် (Hymexazol) ဆေးဖျန်း၍ အပင်အပေါ်ပိုင်းကို အဇိုဆီစထရိုဘင် (Azoxystrobin) ဆေး ဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သို့သော် မြေဆောင်မှိုရောဂါဖြစ်၍ ရေရှည်အတွက် စိုက်ခင်းရေနုတ်မြောင်းကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ မြေပြင်ချိန်တွင် မြေချဉ်ပါကထုံးထည့်ခြင်းနှင့် ထရိုင်ကိုဒါးမား (Trichoderma) ဇီဝမှို ထည့်သွင်းခြင်းတို့ဖြင့် မြေဆီလွှာကို မဖြစ်မနေ ပြုပြင်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီး ဘယ်နှစ်ရက်နေရင်မှိုဆေးဖျန်းလို့ရလဲ
ဖြေကြားချက် 1 ခု
မတ်ပဲ အတွက် မှိုဆေးကို ဘယ်လိုထိရောက်အောင် ဖျန်းသင့်လဲ ဘယ်လိုဆေးတေရွေးချယ်သင့်လဲ
ဖြေကြားချက် 1 ခု
ဒီဆေးကို ဘယ်လိုသုံးရမလဲ ပဲပင်ဘယ်ရက်သားမှာ သုံးရမလဲ
ဖြေကြားချက် 4 ခု
မတ်ပဲ၁၇ရက်သားပါ ခေါင်ညွှန့်လေးတွေအဲ့လိုဖြစ်နေလို့ ဘာဖြစ်တာလဲ ဗျာ ေဖြကြားပေးပါအုံး
ဖြေကြားချက် 10 ခု
အပင်အထနှေးတဲ့မတ်ပဲကိုဆေးဆိုင်က ဆာလ်ဖာ၈၀%ပါတဲ့ဟာဘဲဖျန်းခိုင်းနေတယ် အမိုင်နိုအက်စစ်တို့ကအပင်မတက်ဘူးလာ ဆာလ်ဖာကတ...
ဖြေကြားချက် 1 ခု