ဖြေကြားချက် ၁ ခု
@ဦးစောမောင်ဌေး မတ်ပဲခင်းတွင် ပိုးသတ်ဆေး/မှိုသတ်ဆေး ဖျန်းပြီးပြီးချင်း ၁ နာရီမှ ၂ နာရီအတွင်း မိုးရွာသွန်းသွားပါက ဆေးရည်များ အပင်ထဲသို့ စိမ့်ဝင်ချိန်မရဘဲ မိုးရေနှင့်အတူ ဆေးကြော မျောပါသွားသည့်အတွက် အာနိသင် ထိရောက်မှု ရှိမည်မဟုတ်ပါဘူး။ ထို့ကြောင့် ပိုးမွှားနှင့် ရောဂါဒဏ်မှ ကာကွယ်နိုင်ရန် မိုးစဲပြီး အရွက်များ ပြန်လည်ခြောက်သွေ့သွားချိန်တွင် ဆေးကို မဖြစ်မနေ ပြန်လည်ဖျန်းပေးသင့်ပါတယ်။ နောက်နောင်တွင် ရာသီဥတု မသေချာပါက မှိုဆေး ဆေးကြောခံရမှုကို ကာကွယ်နိုင်ရန် ဆေးစွဲကပ်ပျံ့နှံ့ဆေးအသုံးပြု၍ ဖျန်းပေးသင့်ပါတယ်ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မက်ပဲရက်၂၀သါးမှာစိမ့်ကိုင်ပီးအပင်မတက်လို့ဘာဆေးဖျန်းရမလည်းဗျ
ဖြေကြားချက် 1 ခု
မက်ပဲပင်၂၀ရက်သားမှာရွှေနဂါးအပင်အားဆေးနဲ့တွဲဖျန်းလို့ရမယ့်မှိုဆေးကိုပြောပြပေးပါ
ဖြေကြားချက် 1 ခု
ဖော်ကျွန်းဖော်ဝမ်းကိုမတ်ပဲဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲ အညွှန်းထဲမှာဆေးဖျန်းရက်မတူကြဘူး
ဖြေကြားချက် 3 ခု
ပဲ 15ရက်သား မှာQuizalofop-P-ethyl ပေါင်းဆေး ဖြန်းထားပါတယ် ခုက 1.Humic acid 2.ငါးအမိုင်နို 3.LAB 4.တမာ ပိုးသတ်...
ဖြေကြားချက် 2 ခု
နိုဝင်ဘာ3ရက်နေ့မှမတ်ပဲခုတ်ဖုံးကြဲမှာအဆင်ပြေပမလားရန်ကုန်တိုင်းဒေသကြိးတိုက်ြကိးမြို့နယ်ဘိန္တောအုပ်စုကျောင်းကုန်...
ဖြေကြားချက် 2 ခု