အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
maungsoethuwin
လွန်ခဲ့သော ၃ နာရီ က · ဘားအံ

အသီးအကင်းတွေမအောင်လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ ခဝဲသီး

ဖြေကြားချက် ၃ ခု

maungsoethuwin
maungsoethuwin 28 လွန်ခဲ့သော ၂ နာရီ က

@သော်ဇင် အပွင့်လဲပုံမှန်ပါတယ် အသီးလဲသီးပါတယ် တချို့အကင်းတွေက မအောင်တာပါ အဟာရချို့တဲ့သလို့ပါ

သော်ဇင်
သော်ဇင် 412,130 လွန်ခဲ့သော ၃ နာရီ က

@maungsoethuwin ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 412,130 လွန်ခဲ့သော ၃ နာရီ က

@maungsoethuwin ခဝဲပင်တွင် အသီးမတင်ရခြင်းမှာ ဝတ်မှုံကူးမှု မအောင်မြင်ခြင်းနှင့် အာဟာရမမျှတခြင်း ကြောင့် ဖြစ်တတ်ပါတယ်။ ခဝဲပင်သည် အဖိုပွင့်နှင့် အမပွင့် သီးခြားစီပွင့်သောကြောင့် ဥယျာဉ်အတွင်း ဝတ်မှုံကူးပေးမည့် အင်းဆက်နည်းပါးပါက အသီးမတင်ဘဲ ဝါ၍ ကြွေကျတတ်သဖြင့် ညနေပိုင်း သို့မဟုတ် မနက်စောစောတွင် လက်ဖြင့် ဝတ်မှုံကူးပေးရန် လိုအပ်ပါတယ်။ ထို့ပြင် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ များလွန်းပါက အသီးမတင်ဘဲ ဖြစ်တတ်၍ အပွင့်ပွင့်ချိန်တွင် ဖော့စဖရပ်နှင့် ပိုတက်စီယမ်ဓာတ် မြင့်မားသော မြေဩဇာသို့ ပြောင်းလဲကျွေးရပါမယ်။ တစ်ဆက်တည်းမှာပင် ဘေးတက်များများထွက်ပြီး အမပွင့် ပိုပွင့်စေရန် ပင်မနွယ်အဖျားကို နှိမ်ပေးခြင်း၊ ရေဝပ်ခြင်းနှင့် ခြောက်သွေ့ခြင်းမရှိအောင် ရေကို မျှတစွာလောင်းခြင်းနှင့် သီးထိုးယင်ကောင်ဒဏ်မှ ကာကွယ်ရန် အသီးနုများကို အိတ်စွပ်ပေးခြင်းတို့ဖြင့် ဖြေရှင်းနိုင်ပါတယ်။လက်ရှိ သုံးစွဲနေသော 20:10:10 မြေဩဇာသည် နိုက်ထရိုဂျင်ဓာတ် များလွန်းသဖြင့် အပင်ကို အရွက်နှင့် နွယ်ပင်များသာ သန်စွမ်းစေပြီး အသီးတင်မှုကို နှောင့်နှေးစေပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် 20:10:10 မြေဩဇာ ကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး အပွင့်ပွင့် အသီးတင်မှုကို အားပေးသည့် ဖော့စဖရပ်နှင့် ပိုတက်စီယမ်ဓာတ် မြင့်မားသော ကွန်ပေါင်းမြေဩဇာ (သို့မဟုတ်) တီစူပါနှင့် ပိုတက်ရှ် ကို ပြောင်းလဲကျွေးရပါမယ်။ ၎င်းအပြင် အမပွင့်များ ထွက်လာစေရန် နွယ်အဖျားကို နှိမ်ပေးခြင်းနှင့် မနက်/ညနေပိုင်းများတွင် လက်ဖြင့် ဝတ်မှုံကူးပေးခြင်းတို့ကို တွဲဖက်လုပ်ဆောင်ပေးခြင်းဖြင့် အသီးများ အောင်မြင်စွာ တင်လာပါလိမ့်မယ်။ မေးချင်တာက အပင်မှာ အပွင့်တွေ အများကြီးပွင့်ပြီး အသီးမတင်တာလား၊ ဒါမှမဟုတ် အပွင့်ကို မပွင့်တာလားခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။